ကင်ဂျုံအန်းကို သရော်ရိုက်ကူးထားသည့်ဇာတ်ကား ပြသမှုအစီစဉ် ပြန်ရုပ်သိမ်း

805
"The Interview" ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံကုမ္ပဏီကြီးတွေက မပြသဖို့ ဆုံးဖြတ်လိုက်ကြတာကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီကလည်း ထုတ်ပြမယ့်အစီအစဉ်ကို မနေ့က ပြန်ရုပ်သိမ်းလိုက်ပါတယ်။
The Interview ရုပ်ရှင်ကားဟာ ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ကို သရော်ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပြီး အဲ့ဒီရုပ်ရှင်ကို မပြသဖို့ ခြိမ်းခြောက်မှုတွေရှိခဲ့ပါတယ်။
ရုပ်ရှင်ကို ဆိုနီရုပ်ရှင်ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၄၂ သန်း ကုန်ကျခံရိုက်ကူးထားပြီး အခုလ ၂၅ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတာပါ။
အဲ့ဒီရုပ်ရှင်ကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပျူတာစနစ် မကြာခင်က ထိုးဖောက်ခံခဲ့ရပြီး ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှု ဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်ကြည့်ပရိသတ်တွေလည်း ပြသမှုကို မသွားဖို့နဲ့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုကို ပြန်အမှတ်ရကြဖို့လည်း ကွန်ပျူတာထိုးဖောက်သူ Hacker တွေက သတိပေးထားပါတယ်။
ဒါကြောင့် ရုပ်ရှင်ကို မပြသဖို့ တနိုင်ငံလုံးက အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်ရုပ်ရှင်ရုံကုမ္ပဏီများအဖွဲ့ချုပ်က ပြောဆိုပါတယ်။
ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့် တကယ်ခြိမ်းခြောက်လောက်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေ အခုချိန်ထိ မရှိထားပါဘူးလို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန DHS က ပြောဆိုပါတယ်။
ထိုးဖောက်သူ Hacker တွေ ဘယ်သူတွေဖြစ်တယ်ဆိုတာကို FBI ကလည်း ပြန်လိုက်နေပြီး မြောက်ကိုရီးယားနိုင်ငံကို သံသယရှိတယ်လို့ ကြေညာထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ သူတို့ရဲ့တိုက်ရိုက်လက်ချက် မဟုတ်ဘူးဆိုပြီး တရားဝင်ငြင်းဆန်ထားပါတယ်။