A d v e r t i s e m e n t With Us

နိုင်ငံခြားသားများအတွက် ဟိုတယ်အရေအတွက် နည်းနေ

ရှမ်းပြည်နယ်ရှိ ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ်
[caption id="attachment_48676" align="alignright" width="412"]ရှမ်းပြည်နယ်ရှိ ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ် ရှမ်းပြည်နယ်ရှိ ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ်[/caption] ပွင့်လင်းရာသီရောက်လာပြီး နိုင်ငံခြားသားခရီးသည်တွေ ပိုမိုဝင်ရောက်လာပေမယ့် နိုင်ငံခြားသားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်အခန်းအရေအတွက်ကတော့ နည်းနေသေးတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့အင်းလေးတို့ကို အဓိကထားသွားရောက်လည်ပတ်တာများတယ်လို့ သိရပါတယ်။ လက်ရှိရန်ကုန်တခုတည်းမှာပဲ ဟိုတယ်အခန်းအရေအတွက် ၁ သောင်း ၃ ထောင်ကျော်ရှိနေပြီး တရားဝင်လိုင်စင်ရှိတဲ့ ဟိုတယ်က ၂၅၀ နီးပါး ရှိပါတယ်။ အဲဒီဟိုတယ်တွေထဲမှာ မန္တလေးနဲ့ပုဂံမှာတော့ ၈၀ ကျော်ရှိနေပြီး အင်းလေးမှာလည်း ဟိုတယ် ၅၀ နီးပါး ရှိပါတယ်။ မြန်မာနိုင်ငံကို၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသည် ၂ သန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းထိ ခရီးသည် ၃ သန်း ၀င်ရောက်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up