A d v e r t i s e m e n t With Us

Greenland ရေခဲပြင် အရည်ပျော်ပါက ပင်လယ်ရေမျက်နှာ ၇ မီတာကျော် မြင့်တက်မည်

နောက်ဆုံး လေ့လာတွေ့ရှိမှု အသစ်တွေအရ ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်မှုဟာ အရင်ထင်ခဲ့တာထက် ပိုမြန်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ greenland-ice-sheetကမ္ဘာ့အကြီးဆုံးရေခဲပြင် Greenland ကို အသေးစိတ်လေ့လာတွေ့ရှိချက် ၂ ခုမှာ အခုလို ဖြစ်လာမယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။ အမေရိကန် အာကာသအေဂျင်စီ နာဆာက ပေးတဲ့အချက်အလက်တွေနဲ့ Greenland  ရေခဲပြင်ကြီးရဲ့ ပင်လယ်ဘက်ကို ရွေ့လျားပုံတွေ၊ ရေခဲပြင်ကြီးအောက် ပင်လယ်ရေ စီးဆင်းမှုတွေကို အရင်ထက် ပိုပြီးအသေးစိတ် လေ့လာခွင့်ရခဲ့ပါတယ်။ အရင်ကလေ့လာမှုတွေနဲ့စာရင် အခု နာဆာကရတဲ့ အချက်အလက်တွေနဲ့ ပိုပြီးအသေးစိတ် လေ့လာခွင့်ရခဲ့သလို အရင်ထက်လည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်မှုတွေလည်း လုပ်နိုင်ခဲ့တာပါ။ Greenland ရေခဲပြင်တခုလုံးသာ အရည်ပျော်သွားရင် လက်ရှိကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ၇ မီတာနဲ့အထက် မြှင့်တက်လာမှာဖြစ်ပြီး ပင်လယ်ကမ်းခြေနဲ့ ကျွန်းနေ လူမှုပတ်ဝန်းကျင်တွေအားလုံး ထိခိုက်ပျက်စီးမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ နောက်ထပ် ပိုမိုတိကျတဲ့ အဖြေတွေရဖို့ ရေခဲပြင်ကြီးပေါ်က ရေခဲမြစ် ၂၄၂ စင်းလုံးနဲ့ ရေခဲပြင်အောက် ပင်လယ်ရေ စီးဆင်းမှုကို ထပ်ပြီးအသေစိတ်လေ့လာဖို့လည်း သိပံ္ပပညာရှင်တွေနဲ့ သုသေသနပညာရှင်တွေ စီစဉ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up