အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် ဂျာမန်တပ်ဖွဲ့ဝင် ၁၀၀ စေလွှတ်

ဓာတ်ပုံ - ရိုက်တာ
3.5K
အစ္စလာမစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရေး အီရတ်မြောက်ပိုင်းက ကာဒစ်ရှ် ပဲ့ရှ်မာဂါတပ်တွေကို သင်တန်းပေးဖို့ ဂျာမန်တပ်ဖွဲ့ဝင် အယောက် ၁၀၀ လောက် စေလွှတ်မယ်လို့ ဂျာမန်အစိုးရက ဒီိဇင်ဘာလ ၁၇ ရက်နေ့က ပြောပါတယ်။
[caption id="attachment_74111" align="alignright" width="455"]
ဓာတ်ပုံ - ရိုက်တာ[/caption]
အနောက်အင်အားကြီးနိုင်ငံတွေက ကာ့ဒ်တွေကို အိုင်အက်စ်တွေ ပိုအားပြည့်လာတာကို တားနိုင်မယ့် မရှိမဖြစ် မြေကတုတ်အဖြစ် ရှုမြင်ကြပါတယ်။ ကျန်ခဲ့တဲ့လပိုင်းတွေတုန်းက ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ တခြားနိုင်ငံတွေက ကာ့ဒ်တွေကို စပြီးလက်နက် တပ်ဆင်ပေးခဲ့ကြပါတယ်။
ကာ့ဒ်တွေမှာ ဆိုဗီယက်ခေတ် လက်နက်တွေသာရှိလို့ အီရတ်စစ်တပ်ဆီက သိမ်းပိုက်ထားတဲ့ လက်နက်တွေ အလျှံအပယ်ရှိနေတဲ့ သူပုန်တွေကို တိုက်ဖို့ ထိရောက်မှုမရှိ ဖြစ်နေပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ် ဝေါလ်တာ စတိန်းမီးယားက “ကျနော်တို့ဟာ ကာဒစ်ရှ် ပဲ့ရှ်မာဂါတပ်တွေကို အရင်က လူသားချင်း စာနာမှုနဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာအကူအညီတွေ အများစုပေးခဲ့တယ်။ ခုတော့ အိုင်အက်စ်တွေကို တိုက်မယ့် ရှေ့တန်းကို တပ်စွဲမှာ သေချာအောင် လုပ်ရမယ်”လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဂျာမနီမြို့တော် ဘာလင်မှာ ပြောပါတယ်။
အီရတ်အစိုးရကရော ကာဒစ်ရှ်ဒေသန္တရ အစိုးရကပါ တောင်းဆိုလို့ ခုလိုလုပ်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဂျာမနီဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို လက်နက်နဲ့ တပ်တွေ စေလွှတ်တာဝန်ချတာအပေါ် ၁၀ စုနှစ်ချီပြီး သတိကြီးကြီး ထားခဲ့တာပါ။
အိုင်အက်စ်စစ်သွေးကြွတွေကို တိုက်ရေး အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု မှာတော့ ပါဝင်ခဲ့ပါတယ်။ ခုအရေးကိုတော့ ၂၀၁၅ အစောပိုင်း လွှတ်တော်မှာ မဲပေးဆုံးဖြတ်မှု လုပ်ဦးမှာပါ။
