Live
Home
သတင်းဓာတ်ပုံ
ဗုဒ္ဓဘားအမှု ဖမ်းဆီးထားသူ ၃ ဦးကို ရုံးထုတ်
DVB
·
December 18, 2014
ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဒီနေ့ ရုံးထုတ်ပါတယ်။ သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ဗဟန်းမြို့နယ် တရားရုံးမှာ ပထမဆုံး ရုံးထုတ်တာပါ။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓရုပ်ပွားတော်ကို တလွဲသုံးပြီး ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ သုံးဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ [gallery ids="74104,74105,74106,74107,74108"]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024