A d v e r t i s e m e n t With Us

ဇနီးဟောင်းကိုသတ်သူ အီရတ်စစ်ပြန် တောအုပ်တခုတွင် သေဆုံး

Stone+Body+Found+Pennsburg+Scene+Faceအမေရိကန်နိုင်ငံ၊ ပင်စာဗေးနီးယားပြည်နယ်မှာ ဇနီးဟောင်းနဲ့ ဇနီးဟောင်းရဲ့ဆွေမျိုး ၅ ဦးကို သတ်ဖြတ်မှုနဲ့ ရဲက အပူအပြင်းလိုက်ရှာခံရတဲ့ အီရတ်စစ်ပြန်ဟာ မနေ့က တောအုပ်တခုမှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဘရတ်လေ စတုန်း ဟာ သူ့ကိုယ်သူ့ လုပ်ကြံခဲ့တဲ့ဒဏ်ရာနဲ့ သူ့အိမ်နားက တောအုပ်ထဲမှာ သေဆုံးထားတယ်လို့ မောင်ဂိုမေရီ ခရိုင် ခရိုင်အစိုးရရှေ့နေက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပင်စာဗေးနီးယားပြည်နယ်မှာ ဖိလဒဲဖီယာမှာ သူ့ရဲ့ ဇနီးဟောင်း၊ ဇနီးဟောင်းရဲ့ မိခင်နဲ့အဖွား၊ သူ့ရဲ့ ခယ်မ လင်မယားနဲ့ အသက် ၁၄ နှစ်အရွယ်သမီးတို့ အားလုံး ၆ ယောက်ကို သတ်ဖြတ်ခဲ့တာပါ။ ရဲတွေက သူ့ကို ၃၆ နာရီကြာ ရှာဖွေခဲ့ပြီးမှ အသေတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။  ခလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် ဇနီးဟောင်းနဲ့ အငြင်းပွားမှုတွေ ရှိနေခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up