A d v e r t i s e m e n t With Us

ရူပယ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မော်စကိုမြို့ စတိုးဆိုင်များ ပိတ်ထားရ

1ဒီဇင်ဘာလ ၁၇ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်က apple စတိုးဆိုင်တွေ အပါအ၀င် တန်ဖိုးကြီးပစ္စည်းဆိုင်တွေဟာ ရုရှား ရူပယ်ငွေတန်ဖိုး အကြီးအကျယ်ကျနေတာကြောင့် ပိတ်ထားခဲ့ကြပါတယ်။ အခုနှစ်အတွင်း ရူပယ်ငွေတန်ဖိုး စံချိန်တင်ထိုးကျခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းဟာ ၅၀ ရာခိုင်နှုန်း အထိထိုးကျခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်ကလည်း အခုလိုပဲ ရူပယ်ငွေတန်ဖိုး ရက်ပိုင်းအတွင်း ထိုးကျမှုတွေဖြစ်ခဲ့တာပါ။ မော်စကိုမြို့လယ်က အဆင့်မြင့်ဆိုင်အများစုကို ပိတ်ထားကြပြီး တချို့ကလည်း ပစ္စည်းတန်ဖိုး ဈေးနှုန်းပြောင်းကပ်နေကြပါတယ်။ ရုရှားနိုင်ငံက apple store တွေကိုရော၊ online က ရောင်းချမှုတွေကိုရော ပိတ်ထားလိုက်ပါတယ်။ အခုလို ရူပယ်ငွေတန်ဖိုးကျခဲ့တာကြောင့် apple ပစ္စည်းတွေဟာ ဥရောပမှာ ဈေးအသက်သာဆုံးဖြစ်သွားခဲ့ပြီး apple က ပစ္စည်းတန်ဖိုးအားလုံးကို ၂၀ ရာခိုင်နှုန်းစီ ဈေးမြှင့်လိုက်ပါတယ်။ ဒီတပတ်ထဲမှာပဲ ဒီရူဘယ်ငွေ တန်ဖိုးကျနေတာကို ထိန်းဖို့ ရုရှားဗဟိုဘဏ်က အတိုးနှုန်း ၁၀.၅ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းပြောင်းလဲသတ်မှတ်ခဲ့ပေမယ့်လည်း သိပ်မထူးခဲ့ပါဘူး။ ဒီနှစ်အတွင်း ရုရှားငွေတန်ဖိုးကို မကျအောင်ထိန်းဖို့ ရုရှားဗဟိုဘဏ်က လိုက်ခုလာခဲ့တာ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရေနံဈေးတွေ ကျနေတာနဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် အခြေအနေကို ဘယ်လိုမှ မထိန်းနိုင်ပဲ ဖြစ်ခဲ့တယ်။ ဒီ ၂ ချက်က ရုရှားစီးပွားရေးကို အားပျော့သွားရတဲ့ အဓိက ၂ ချက်ကလည်း ရေနံဈေးကျတာနဲ့ စီးပွားရေးပိတ်ဆို့မှုလို့ ဆိုပါတယ်။ အမေရိကန်က နောက်ထပ်စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်  အခုအပတ်အတွင်း ရူပယ်ငွေတန်ဖိုး ထပ်ထိုးကျသွား ရတာလို့ သတင်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up