A d v e r t i s e m e n t With Us

ဆူဇူကီးဖလားပြိုင်ပွဲ ထိုင်းအသင်း မလေးရှားကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

ဓာတ်ပုံ - Suzuki Cup
[caption id="attachment_74071" align="alignright" width="475"]ဓာတ်ပုံ - Suzuki Cup ဓာတ်ပုံ - Suzuki Cup[/caption] ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ဆူဇူကီးဖလား ပထမအကျော့ ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မလေးရှားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ထိုင်းက လူငယ်ကစားသမား အများစုနဲ့ ယှဉ်ပြိုင်သွားပြီး  ဦးဆောင်ဂိုးကို တဖက်နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။ ထိုင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို ၈၆ မိနစ်လောက်မှာ ကိုကီရတ်က သွင်းယူပါတယ်။ ဒီဂိုးဟာ သူ့အတွက် ဆူဇူကီးဖလားပြိုင်ပွဲမှာ တတိယမြောက် သွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မလေးရှား နည်းပြက အသင်းရဲ့ ခံစစ်ကြောင်းက မိနစ် ၇၀ နောက်ပိုင်းမှာ ပြိုလဲသွားပြီး လာမယ့် ဒုတိယအကျော့မှာ ၂၀၀ ရာခိုင်နှုန်းအထိ ကြိုးစားရတော့မှာဖြစ်တယ်လို့  ပြောဆိုသွားပါတယ်။ ထိုင်းနည်းပြ ကိုင်တီဆတ်ကတော့ ကျနော်တို့ ရည်မှန်းချက်က မပြီးသေးပါဘူး။ ကွာလာလမ်ပူအထိသွားပြီး ချန်ပီယံဆုကို အရယူဖို့ ကျန်ပါသေးတယ်လို့ ပြောပါတယ်။ ဗိုလ်လုပွဲမှာ ဒုတိယအကျော့ပွဲစဉ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့ကြရင် မလေးရှားနိုင်ငံမှာ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up