A d v e r t i s e m e n t With Us

ပညာရေးဥပဒေဆွေးနွေးပွဲ တက္ကသိုလ် ဆရာများသမဂ္ဂကို ဖိတ်ခေါ်ခြင်းမရှိ

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ဆရာများ သမဂ္ဂ၊ ဆရာ/ ဆရာမများ အဖွဲ့ချုပ် စတဲ့ ပညာရေးနဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေကို ပါဝင်ဆွေးနွေးဖို့ မဖိတ်ကြားဘူးလို့ သက်ဆိုင်ရာအဖွဲ့တွေက ပြောပါတယ်။ Student Unionဒီဇင်ဘာ ၁၆-၁၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အငြင်းပွားနေတဲ့ အမျိုးသား ပညာရေး ဥပဒေအပေါ် နိုင်ငံတ၀န်း တက္ကသိုလ် ကျောင်းအားလုံးက ပါမောက္ခချုပ် တဦးစီအပါအ၀င် တခြား ဆရာတဦးတို့ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲမှာ အခြေတင် ဆွေးနွေးမယ့် တက္ကသိုလ်ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေကို မဖိတ်ကြားဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်က ပြောပါတယ်။ “ကျနော်တို့ကတော့ အဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းထားပြီးတော့ ဒီအသင်းအဖွဲ့က စုပေါင်း ဆွေးနွေးထားတဲ့ အချက်အလက်ကလည်း ရှိတော့ အဖွဲ့လိုက်ဖိတ်မယ်ဆိုရင် တက်ဖို့ ဆန္ဒရှိခဲ့ပေမယ့် အခုလိုမျိုး စိတ်ဆန္ဒနဲ့ တယောက်ချင်းခွဲထုတ်ပြီးခေါ်တာမျိုး ဆိုရင် မလိုက်ဘူးဆိုပြီး ဆွေးနွေးပွဲကို မတက်ခဲ့တာပါ၊ ပြည်သူ့ဆန္ဒကို ပါဝင်အောင် လုပ်ဆောင်ခြင်း မရှိဘူးလို့ ပြောချင်ပါတယ်” လို့ ဦးဇော်မျိုးနိုင်က ပြောပါတယ်။ အရင်ကလည်း ပညာရေး ဥပဒေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးပွဲနဲ့ မတူဘဲ အထက်ကချမှတ်ပြီးသားပုံစံကို ပြကာ ဆွေးနွေးခွင့်အချိန်ကို ကန့်သတ်ထားခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါအပြင် ဥပဒေနဲ့ပတ်သက်ပြီး ကျောင်းသားတွေ ဆန္ဒပြရာမှာ ရုပ်သံပေါ်ကနေ ဆွေးနွေးပွဲမှာ ဆရာတွေ ပါတယ်ဆိုတဲ့ပုံတွေကို ပြသခဲ့ပေမယ့် ဆရာတွေရဲ့ သဘောထားကို မဖော်ပြခဲ့ဘူးလို့ ဦးဇော်မျိုးနိုင်က ထောက်ပြပါတယ်။ ပညာရေး ဥပဒေနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးရင် ပညာရေး ၀န်ကြီးတွေရှေ့မှာ မျက်နှာ ပျက်စရာဖြစ်နေတဲ့အတွက် ပါမောက္ခချုပ်တွေအနေနဲ့ မျက်နှာပျက်ခံမှာ မဟုတ်ဘူးလို့ ဆရာ/ဆရာမများ အဖွဲ့ချုပ်ဝင် ဦးအာကာမိုးသူက ပြောပါတယ်။ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်းနှင့် အမျိုးသား ပညာရေး ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီဆွေးနွေးပွဲဟာ ဓာတ်ပြားဟောင်းဖွင့်တဲ့ ပွဲလို့ တက်ရောက်နေတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က ဒေါက်တာ တင်နွဲ့ရီက မှတ်ချက်ပေးပါတယ်။ “အလုပ်ဖြစ်ရုံလုပ်တဲ့ ဆွေးနွေးပွဲတရပ်လို့ ကျမမြင်ပါတယ်”လို့ သူက ပြောပါတယ်။ ခန်းမကြီး တခုတည်းမှာ လူ ၄၀၀ လောက် တက်ရောက်နေသလို ဒီအထဲမှာ သိပ္ပံနည်းပညာ၊ အသက်မွေးဝမ်းကြောင်း အခြေခံ၊ အဆင်မြင့်ပညာ စတဲ့ မတူညီတဲ့ ကဏ္ဍက ဆရာတွေ ပါနေတယ်လို့ ဆိုပါတယ်။ တက်ရောက်သူတွေက အစီအစဉ်တခုအတွက် ပါလာတဲ့ စာရွက်ကို ၁ နာရီကျော် ကြာအောင် ဖတ်ပြသလို မိုက်ခရိုဖုန်း မသုံးဘဲ ဖတ်ကြားနေတဲ့အတွက် တစုံတရာ မကြားရဘူးလို့လည်း ပြောပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ အပါအ၀င် ပညာရေး ဌာနနဲ့ ဆက်စပ်နေတဲ့ဌာနဆိုင်ရာတွေက ညွှန်ကြားရေးမှူးချုပ်တွေ၊ မြန်မာနိုင်ငံတ၀န်း တက္ကသိုလ် (၁၆၉) ခုက ပါမောက္ခချုပ်တွေ၊ အငြိမ်းစားနဲ့ ပြင်ပက ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေ ၃၉၀ ကျော် တက်ရောက်ပြီး အမျိုးသားပညာရေးဥပဒေကို ကဏ္ဍအလိုက် ဆွေးနွေးနေကြတာပါ။

A d v e r t i s e m e n t With Us

More News
Up