A d v e r t i s e m e n t With Us

ထိုင်းစစ်ဦးစီးချုပ် မြန်မာပြည်သွားရောက်

နယ်စပ်တိုးတက်ရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေးအတွက် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ဆွေးနွေးဖို့ ထိုင်းစစ်တပ်အကြီးအကဲ ဥဒုန်းဒေခ်ျ ဆီတပုတ် က မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ သွားရောက်ပါတယ်။ 726876မြန်မာစစ်တပ်က အလည်အပတ်ခရီးအဖြစ် ဖိတ်ကြားခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်း နေပြည်တော်ကို မထွက်ခွာမီ ဥဒုန်းတေချက ပြောအကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းစာက ရေးပါတယ်။ မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ထိုင်း-မြန်မာ နယ်စပ်မှာ သစ်တောတွေ ပြန်လည်စိုက်ပျိုးရေး အပါအ၀င် နယ်စပ်ပြဿနာတွေနဲ့ အဖြေရှာဖို့ ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနဲ့ မြန်မာ စစ်တပ်တွေဟာ ဆေးဘက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ပြန်လယ်ထူထောင်ရေးကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နေသလို ပိုမိုပူးပေါင်း ဆောင်ရွက်တာတွေ အားကောင်းလာစေချင်တယ်လို့ ထိုင်းစစ်တပ်အကြီးအကဲက ပြောတဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ရေးပါတယ်။ ထိုင်းစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ ပြန်လာမှာ ဖြစ်ပြီး မြန်မာနဲ့ နယ်စပ်ရေးရာတွေကို ဆောင်ရွက်နေတဲ့ စစ်တပ်အကြီးအကဲတွေလည်း လိုက်ပါသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up