ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရွေးကြစို့

4.8K
[yop_poll id="7"]
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၄ အတွက် ပေးအပ်မယ့် အကောင်းဆုံး ဘောလုံးသမား ဆန်ခါတင် ၃ ဦးစာရင်းကို ထုတ်ပြန်လိုက်ရာမှာ ရော်နယ်ဒို၊ မက်ဆီနဲ့ ဂိုးသမား နူအာတို့ ပါဝင်လာပါတယ်။
အခု ၃ ဦးကို ပဏာမ ရွေးချယ်ထားတဲ့ ၂၃ ယောက်စာရင်းကနေ ဖီဖာက ရွေးချယ်ခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၅၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီရဲလ်ကို ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အကောင်းဆုံးဆုကို ၂ ကြိမ်၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ၄ ကြိမ် ရဖူးထားပါတယ်။ ဂိုးသမား နူအာဟာ ဂျာမဏီအသင်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးထားပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ဖီဖာက ကြေညာပြီး ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ တခါတည်း ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
မြန်မာဘောလုံး ပရိသတ်တွေအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်သူရမလဲဆိုတာ Vote မှာ ရွေးချယ်နိုင်ပါတယ်။