A d v e r t i s e m e n t With Us

ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ရှိနေဆဲဟု ပြည်နယ်အစိုးရအဖွဲ့ဝင် ပြော

poppeyချင်းပြည်နယ် ဘိန်းစိုက်ပျိုးမူတွေ ရှိနေဆဲပဲလို့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက ပြောကြားလိုက် ပါတယ်။ တွန်းဇံမြို့နယ်တ၀ိုက်မှာ ဘိန်းခင်းတွေကို ဒေသခံ အာဏာပိုင်တွေက  ဖျက်ဆီးခဲ့ပေမယ့် ပပျောက်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ချင်းပြည်နယ် မူယစ်ဆေးဝါးအန္တရာယ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ (ယူအန်အိုဒီစီ) ရဲ့ ၂၀၁၂ ခုနှစ် စာရင်းအရတော့ ချင်းပြည်နယ်မှာ ဘိန်းစိုက်ဧက ထောင်ချီရှိ နေပါတယ်။ မြန်မာနိုင်ငံရဲ့  ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ကမ္ဘာပေါ်မှာ ဒုတိယအဆင့် ရှိနေပြီး ဘိန်းစိုက်ပျိုးမှုကို မှီခိုနေရသည့် မိသားစုပေါင်း ၃ သိန်းကျော် ရှိနေတယ်လို့လည်း ယူအန်အိုဒီစီ က သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up