A d v e r t i s e m e n t With Us

ဟင်နရီ ဘောလုံးလောကမှ အနားယူမည်

အာဆင်နယ်အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ဟင်နရီ ဘောလုံးကစားတာကို အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။ soccer-world-franceအသက် ၃၇ နှစ်အရွယ် ပြင်သစ် ဘောလုံးသမားဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် နှစ်ပေါင်း ၂၀ ကြာခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် ကစားပွဲပေါင်း ၁၂၃ ပွဲ ကစားခဲ့ပြီး ၁၉၉၈ ခုနှစ်  ကမ္ဘာဖလားနဲ့ ၂၀၀၀ ဥရောပ ချန်ပီယံဖြစ်အောင် ကူညီစွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ မိုနာကို၊ အာဆင်နယ်၊ ဘာစီလိုနာ၊ နယူးယော့ခ် Red Bulls ကလပ် အသင်းတွေမှာလည်း ကစားခဲ့ပြီး အောင်ပွဲတွေရအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဘောလုံးသမား ဘ၀တလျှောက်လုံးမှာ ကစားခဲ့တဲ့ ဒီအသင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဟင်နရီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီအချိန်ဟာ ဘ၀ အချိုးအကွေ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဟင်နရီဟာ Red Bulls အသင်းကနေ ဒီလ အစောပိုင်းက ထွက်ခဲ့ပြီး ဗြိတိန်မှာ ရှိတဲ့ Sky Sports ရုပ်မြင်သံကြားမှာ ဘောလုံး သုံးသပ်သူအဖြစ် နောင်နှစ်ဆန်းမှာ သူ့ကို  ပြန်တွေ့ရမှာ ဖြစ်ပါတယ်။ အာဆင်နယ် ဘောလုံးသမားဘ၀မှာ ဂိုးပေါင်း ၂၂၈ ဂိုး သွင်းပေးခဲ့ပြီး ပရီမီးယားလိဂ်  ဖလား ၂ ကြိမ် ရယူပေးခဲ့သလို၊ စပိန်က ဘာစီလိုနာမှာ လာလီဂါ ဖလားနဲ့ ချန်ပီယံ လိဂ် ဖလားကို ၂၀၀၉ ခုနှစ်မှာ ဆုခူးပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up