A d v e r t i s e m e n t With Us

ရီးယဲလ်အသင်း မက္ကဆီကို ကလပ်အသင်းကို ၄ ဂိုး၊ ဂိုး မရှိဖြင့် အနိုင်ရ

Sergio Ramos of Spain's Real Madrid celebrates with his teammates after scoring against Mexico's Cruz Azul during their semi-final soccer match in FIFA Club World Cup at Marrakech stadiumဥရောပ ချန်ပီယံ ရီးယဲလ် မက်ဒရစ်အသင်းဟာ ကမ္ဘာ့ကလပ်ပြိုင်ပွဲ ဆီမီး ဖိုင်နယ်မှာ မက္ကဆီကို ကလပ် ခရူးအက်ဇူးရယ် အသင်းကို ၄ ဂိုး၊ ဂိုး မရှိနဲ့ အနို်င်ယူပြီး ဖိုင်နယ်ကို တက်သွားပါပြီ။ ဒီနှစ်သင်းဟာ ကမ္ဘာ့ကလပ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး မက္ကဆီကို ကလပ်အသင်းက စပိန် နာမည်ကျော်အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ရီးယဲလ် အတွက် ပထမဆုံး ဂိုးကို တိုနီ ခရိုစ်ရဲ့ ဖရီးကစ်ကတဆင့် ရာမို့စ်က ၁၅ မိနစ်မှာ သွင်းပါတယ်။ ဒီဂိုးဟာ ရားမို့စ်အတွက် ၅၁ လုံးမြောက် ဂိုးဖြစ်ပါတယ်။ အဲဒီနောက် ၃၅ မိနစ်မှာ ဘန်ဇီမာက ဒုတိယဂိုးသွင်းယူပါတယ်။ အဲဒီနောက် ခရူးအက်ဇူရယ် အသင်းက ပါနာတီ ရခဲ့ပေမယ့် ရီးရဲဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တဲ့အတွက် ဂိုးနဲ့ လွဲခဲ့ပါတယ်။ ရီးယဲလ်အတွက် တတိယ ဂိုးကိုတော့ မိနစ် ၅၀ မှာ ဂါရတ်ဘေးလ် အဝေးကစ်ကနေ သွင်းယူပြီး၊ နောက်ဆုံး ဂိုးကို ၇၂ မိနစ်မှာ ရိုနယ်ဒိုရဲ့ ပံ့ပိုးပေးမှုကနေတဆင့် အစ္စကိုက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲ နိုင်တဲ့အတွက် ရီးယဲလ်အတွက် ၂၁ ပွဲ ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းထားနိုင်လိုက်ပါတယ်။ ဖိုင်နယ်ပွဲကိုတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကန်ရမှာဖြစ်ပြီး ဆန် လောရန်ဇို နဲ့ အော်ကလန်စီတီး တို့နှစ်သင်းထဲက နိုင်တဲ့ တသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up