A d v e r t i s e m e n t With Us

ဂျပန်တွင် ကြက်ငှက်တုတ်ကွေးမိသည့် ကြက်များ တွေ့ရှိ

ဂျပန်နိုင်ငံ အနောက်ပိုင်းက မီယာဇာကီ ခရိုင်မှာ ကြက်ငှက်တုတ်ကွေးမိတဲ့ ကြက် ၃ ကောင်တွေ့ရှိခဲ့လို့ ကြက်ခြံက ကြက်အကောင်ရေ ၄ ထောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က သုတ်သင်လိုက်ပါတယ်။ Japanကြက်တုတ်ကွေး H5 နဲ့ စတဲ့ ဗီဇပါတဲ့ ဗိုင်းရပ်တွေ့ရှိခဲ့လို့ ကြက်အကောင်ရေ ၄၀၀၀ တရက်အတွင်း သုတ်သင်ရတာလို့ကျန်းမာရေး အာဏာပိုင်တွေကို ကိုးကားပြီး ကျိုတိုသတင်းဌာနက ဖော်ကြခဲ့ပါတယ်။ ဂျပန်အစိုးရပြောခွင့်ရ ယိုရှီဟိုင်ဒီ ဆူဂါ က ဗိုင်းရပ်မပြန့်ပွားဖို့ လုပ်သင့်လုပ်ထိုက်တာအားလုံးကို တိတိကျကျလုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီးချုပ်က ညွန်ကြားထားပြီးဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပုံမှန် သတင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေလည်း ဖြစ်ပွားမှု အခြေအနေကို အသေးစိတ်သိရှိရအောင် ရောဂါဖြစ်ပွားနေတဲ့ ကြက်ခြံတွေကို သွားရောက်ကွင်းဆင်းကြမယ်လို့လည်း ပြောဆိုပါတယ်။ အခု ဗိုင်းရပ်တွေရှိခဲ့တဲ့ မီယာဇာကီ ခရိုင်ဟာ ဂျပန်နိုင်ငံရဲ့ ကြက်မွေးမြူရေးအဓိကလုပ်တဲ့ ဒေသဖြစ်ပါတယ်။ ကြက်ကောင်ရေ ၂၈ သန်းကျော်ရှိပြီး ဂျပန်နိုင်ငံ တနိုင်ငံလုံးရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဂျပန်စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။ ကြက်ငှက်တုပ် ကွေး ဗိုင်းရပ် အများစုဟာ ပုံမှန်တော့ လူကိုကူးစက်လေ့မရှိပေမယ့် ကူးစက်လာရင်လည်း လူတွေအတွက် အသက်အန္တရာယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ ဂျပန်ဟာ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့က ကြက်တင်သွင်းမှုကို ပိတ်ပင်ထားသလို၊ မကြာခင်ကပဲ ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်က ကြက်ခြံ ၂ ခုမှာ ကြက်တုတ်ကွေးဗိုင်းရပ်တွေ့ခဲ့လို့ ကနေဒါနိုင်ငံက ကြက်တင်သွင်းမှုကိုလည်း ဂျပန်နိုင်ငံက ပိတ်ပင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up