Live
Home
မြန်မာသတင်း
မြန်မာ e-visa စနစ် နိုင်ငံပေါင်း ၁၀၀ တိုးချဲ့မည်
DVB
·
December 17, 2014
E-visa၂၀၁၅ နှစ်ဆန်းပိုင်းကစတင်ပြီး e-visa လျှောက်နိုင်တဲ့ နိုင်ငံပေါင်း ၁၀၀ ၀န်းကျင် တိုးချဲ့သွားမယ်လို့ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ အခုလက်ရှိ e-visa စနစ်နဲ့ လျှောက်နိုင်တဲ့ နိုင်ငံ ၇၆ ပဲသတ်မှတ်ထားပြီး ရှေ့နှစ်မှာ ပိုပြီး တိုးချဲ့သွားမယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်သုံးတဲ့အချိန်က နိုင်ငံပေါင်း၂၄နိုင်ငံကိုပဲ စတင်ခွင့်ပြုခဲပြီး အခုနှစ်အတွင်းနိုင်ငံပေါင်း ၇၆ နိုင်ငံထိ တိုးချဲ့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ လက်ရှိ e-visa စနစ်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တွေမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။ E-visa အသုံးပြုပြီး နိုင်ငံခြားသားခရီးသည်တွေ တစ်လကို ၁ သောင်းဝန်းကျင်လောက် ၀င်ရောက်နေပြီး အများစုက အမေရိကန် နိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024