A d v e r t i s e m e n t With Us

မြန်မာ e-visa စနစ် နိုင်ငံပေါင်း ၁၀၀ တိုးချဲ့မည်

E-visa၂၀၁၅ နှစ်ဆန်းပိုင်းကစတင်ပြီး e-visa လျှောက်နိုင်တဲ့ နိုင်ငံပေါင်း ၁၀၀ ၀န်းကျင် တိုးချဲ့သွားမယ်လို့ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ အခုလက်ရှိ e-visa စနစ်နဲ့ လျှောက်နိုင်တဲ့ နိုင်ငံ ၇၆ ပဲသတ်မှတ်ထားပြီး ရှေ့နှစ်မှာ ပိုပြီး တိုးချဲ့သွားမယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်သုံးတဲ့အချိန်က နိုင်ငံပေါင်း၂၄နိုင်ငံကိုပဲ စတင်ခွင့်ပြုခဲပြီး အခုနှစ်အတွင်းနိုင်ငံပေါင်း ၇၆ နိုင်ငံထိ တိုးချဲ့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ လက်ရှိ e-visa စနစ်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တွေမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။ E-visa အသုံးပြုပြီး နိုင်ငံခြားသားခရီးသည်တွေ တစ်လကို ၁ သောင်းဝန်းကျင်လောက် ၀င်ရောက်နေပြီး အများစုက အမေရိကန် နိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up