ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည် ဆောက်လုပ်ပေးဖို့ တောင်းဆိုသွားမယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသာားသမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်လုပ်ပေးဖို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး အမျိုးသားပညာရေး ဥပဒေကြမ်း အပေါ်ထားရှိတဲ့ သဘောထားကြေငြာချက်တစ်စောင်ကိုလည်း မကြာခင်ထုတ်ပြန်သွားမယ်လို ပြောကြားလိုက်တာပါ။
ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ အနေနဲ့ ဒီလိုသမဂ္ဂဖွဲ့စည်းတာဟာ ကျောင်းသားထု အခွင့်အရေးအတွက် ဖွဲ့စည်းဆောင်ရွက်တာလို့ ဆိုပါတယ်။