A d v e r t i s e m e n t With Us

အိုင်အက်စ်အဖွဲ့အတွက် အမျိုးသမီး စုဆောင်းပေးသူများကို စပိန်နှင့် မော်ရိုကို ရဲများ ဖမ်းဆီး

(ဓာတ်ပုံ - ရိုက်တာ)
စပိန်နဲ့ မော်ရိုကိုရဲတွေဟာ  ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် စစ်သွေးကြွတွေအတွက် အမျိုးသမီးတွေကို စုဆောင်းပေးနေတယ်လို့  သံသယရှိသူ ၇ ယောက်ကို ဖမ်းခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြောပါတယ်။ [caption id="attachment_73991" align="alignright" width="484"](ဓာတ်ပုံ - ရိုက်တာ) (ဓာတ်ပုံ - ရိုက်တာ)[/caption] မိန်းမလေး ၄ ယောက်နဲ့ ယောက်ျားတယောက်ကို စပိန်နိုင်ငံမှာ ဖမ်းမိပြီး နောက်ထပ် ယောက်ျား ၂ ယောက်ကိုတော့ မိုရိုကိုနိုင်ငံမှာ ဖမ်းမိတာလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ သူတို့ ၇ ယောက်ဟာ အိုက်အက်စ်အဖွဲ့ကိုယ်စား အမျိုးသမီးတွေကို ရှာဖွေစုဆောင်းပြီး ဆီးရီးယားနဲ့ အီရတ်ကို စေလွှတ်ဖို့ ကွန်ရက်ဖွဲ့ထားတယ်လို့ စွပ်စွဲခံထားရကြောင်း ကြေညာချက်က ဆိုပါတယ်။ ဒါပေမယ့် စုဆောင်းခံအမျိုးသမီးတွေကို  အစွန်းရောက်အမာခံ တိုက်ခိုက်ရေးသမားတွေဖြစ်ဖို့ စုဆောင်းခံရတာလား ဆိုတာကိုတော့ ဝန်ကြီးဌာန ပြောခွင့်ရက မပြောနိုင်ပါဘူး။ အိုက်အက်စ်တွေဟာ အီရတ်နဲ့ ဆီးရီးယားက နယ်ပယ်အများအပြားကို သိမ်းပိုက်ထားခဲ့ပြီး အမေရိကန်ဦးဆောင် လေကြောင်းတိုက်ခိုက်မှုတွေကို အံတုနေပါတယ်။ စပိန်နိုင်ငံကတော့ သူ့နိုင်ငံသားတွေ အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းမှာကို စိုးရိမ်နေတဲ့  ဥရောပနိုင်ငံတွေထဲက တနိုင်ငံပါ။ ဆီးရီးယားနဲ့ အီရတ်မှာ သွားတိုက်ပြီးတဲ့နောက် ပြန်လာချိန်မှာ ပြည်တွင်းမှာ  တိုက်ခိုက်မှုတွေကို အကွက်ချမှာ စိုးရိမ်နေတာပါ။ အရင်ကတော့ ဥရောပနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ တချို့ အမျိုးသမီးတွေဟာ ဆီးရီးယား ဒါမှမဟုတ် အီရတ်မှာ ရာထူးတွေ ယူပြီးပူးပေါင်းဖို့ ဒါမှမဟုတ် စစ်သွေးကြွတွေရဲ့ ဇနီးဖြစ်လာဖို့ စုဆောင်းခံခဲ့ရပါတယ်။ စက်တင်ဘာလတုန်းကလည်း စပိန်ရဲတွေဟာ အာဖရိက ကမ်းရိုးတန်းမြောက်ပိုင်းမှာ အိုက်အက်စ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွ ကလာပ်စည်းလို့ သံသယရှိသူ ၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up