အင်ဒိုနီးရှား မာရာဟာလင်ဖလားပြိုင်ပွဲ မြန်မာ ယူ-၂၀ ၀င်ရောက်ယှဉ်ပြိုင်မည်

myanmar-u-19aမြန်မာ ယူ-၂၀ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မာရာဟာလင်ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ မြန်မာလူငယ်အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့လို့ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။ ဇန်န၀ါရီ ၈ ရက်မှာ စတင်မယ် မာရာဟာလင်ဖလား ပြိုင်ပွဲကို မြန်မာ ယူ-၂၀ အသင်းအပါအ၀င် အသင်း ၄ သင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာ ယူ-၂၀ အသင်း၊ အင်ဒိုနီးရှား ယူ-၂၃ အသင်း၊ အင်ဒိုနီးရှားကလပ်အသင်းတစ်သင်းနဲ့ သြစတြေးလျ ကလပ်အသင်းတစ်သင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဂျာမန်လူမျိုးက နည်းပြချုပ်အဖြစ် တာဝန်ယူထားတဲ့ မြန်မာ ယူ-၂၀ အသင်းဟာ ဒီပွဲပြီးရင် ဂျာမနီနိုင်ငံကို သွားရောက်ပြီး လေ့ကျင့်ရင်း ခြေစမ်းပွဲတွေ ကစားဖို့စီစဉ်ထားတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up