ပါကစ္စတန်ကျောင်း စီးနင်းမှု၊ ၁၃၀ ကျော် သေဆုံး ၁၂၂ ဦး ဒဏ်ရာရ

827
ပါကစ္စတန်နိုင်ငံ ပီရှဝါမြို့က တပ်တွင်းကျောင်းကို တာလီဘန်သေနတ်သမားတွေ စီးနင်း တိုက်ခိုက်မှုဟာ ၈ နာရီကျော် အကြာမှာ သူပုန် ၉ ယောက်လုံးကိုလည်း အသေသတ်နိုင်ခဲ့ပြီလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။
ကလေးတွေအများစုဖြစ်တဲ့ လူအနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါဟာ လတ်တလော နှစ်တွေမှာ ပါကစ္စတန်နိုင်ငံမှာ သွေးအစွန်းဆုံး စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်ကနေ ၂၀ ကြား လူ ၁၂၂ ယောက်လည်း ဒဏ်ရာရတယ်လို့ ခရိုင်အရာရှိ တယောက်က ပြောပါတယ်။
ကလေးတွေရဲ့အလောင်းတွေကို ဆေးရုံဆီ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက သယ်သွားတာကို သတင်းတွေမှာ ပြသပါတယ်။ မျက်မြင်သက်သေတွေကတော့ စစ်သွေးကြွ တအုပ်ဟာ ကျောင်းထဲကို ဝင်ပြီး ဆရာတွေကိုရော ကျောင်းသားတွေကိုပါ ရမ်းသန်းပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေ အတော်များများရဲ့ ပြောဆိုချက်အရ သေနတ်သမားတွေဟာ ပါကစ္စတန် စစ်တပ်ဝတ်စုံကို ဝတ်ထားတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ပါကစ္စတန် စစ်တပ်က တိုင်းရင်းသားဒေသတွေက သူပုန်တွေကို စစ်ဆင်ရေးလုပ်နေတဲ့အပေါ် လက်စားခြေတာလို့ ပါကစ္စတန် တာလီဘန်တွေက ကြေညာပါတယ်။