A d v e r t i s e m e n t With Us

ပါကစ္စတန် စာသင်ကျောင်းကို တာလီဘန် စီနင်းတိုက်ခိုက်မှု၊ လူ ၁၀၀ သေဆုံး

လွတ်မြောက်လာသော ကလေးငယ်များ
[caption id="attachment_73979" align="alignright" width="450"]လွတ်မြောက်လာသော ကလေးငယ်များ လွတ်မြောက်လာသော ကလေးငယ်များ[/caption] ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်တပ်ကဖွင့်ထားတဲ့ စာသင်ကျောင်းကို တာလီဘန်တွေ  စီးနင်းတိုက်ခိုက်မှုဟာ အနည်းဆုံး အယောက် ၁၀၀ သေဆုံးပြီး ခလေး အယောက် ၈၀ ပါတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ စစ်ယူနီဖောင်းဝတ်ထားတဲ့ စစ်သွေးကြွ ၅ ယောက်၊ ၆ ယောက်လောက် ကျောင်းထဲကို ၀င်ရောက်စီးနင်းခဲ့ကြပြီး ကျောင်းသားတွေကို ဓားစာခံ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်စစ်တပ်က ကျောင်းကို ၀ိုင်းလိုက်တဲ့အချိန်မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ကျောင်းမှာ ကျောင်းသူကျောင်းသားအားလုံး ၅၀၀ လောက်ရှိပြီး အများစုကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ ကျောင်းသားဘယ် ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းခံထားရသေးလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစိုးရစစ်တပ်က မကြာခင်က ပြုလုပ်ခဲ့တဲ့ တာလီဘန်စစ်ဆင်ရေးတွေအတွက် လက်တုံ့ပြန်တာလို့ တာလီဘန်တွေက ပြောဆိုပါတယ်။ ကျောင်းသားတွေအတွက် ရှေးဦးသူနာပြုသင်တန်းပေးနေချိန်မှာ ကျောင်းဟောခန်းထဲကို သေနတ်ကိုင်တွေက ၀င်ရောက်ခဲ့ကြတာလို့ ကျောင်းဝန်ထမ်းတဦးက ပြောဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းဆရာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up