A d v e r t i s e m e n t With Us

ရိုမေးနီးယား အရေးပေါ်ကယ်ဆယ်ရေး ရဟတ်ယာဉ် ရေအိုင်ထဲ ပျက်ကျ၊ ၃ ဦး ပျောက်ဆုံး

ရေငုပ်သမားတွေနဲ့ အရေးပေါ်လုပ်သားများ ပျောက်သူများကို ရှာဖွေနေစဉ်
[caption id="attachment_73964" align="alignright" width="393"]ရေငုပ်သမားတွေနဲ့ အရေးပေါ်လုပ်သားများ ပျောက်သူများကို ရှာဖွေနေစဉ် ရေငုပ်သမားတွေနဲ့ အရေးပေါ်လုပ်သားများ ပျောက်သူများကို ရှာဖွေနေစဉ်[/caption] ရိုမေးနီးယားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ SMURD ကပိုင်တဲ့ ရဟတ်ယာဉ်တစီးဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က လူ ၄ ယောက်ကို တင်ဆောင်ပျံသန်းနေတုံး နိုင်ငံအရှေ့ပိုင်း ကွန်စတန်တာမြို့နယ်ထဲက စယူခီရော ရေအိုင်ထဲကို ပျက်ကျခဲ့ပါတယ်။ လူတယောက်ကို ကယ်နိုင်ခဲ့ပြီး ၃ ယောက် ပျောက်ဆုံးနေဆဲလို့ အာဏာပိုင် တွေက ပြောပါတယ်။ ရေခဲမှတ် အပူချိန်နဲ့ မှောင်မဲနေမှုကြောင့် အခြေအနေခက်ခဲနေပေမယ့် ရေငုပ်သမား တွေနဲ့ အရေးပေါ်လုပ်သားတွေက ပျောက်ဆုံးနေသူကို ရှာဖွေ ကယ်ဆယ်မှုတွေ ဆက်လုပ်နေပါတယ်။ ကွန်စတန်တာမြို့နယ်ဆေးရုံကို လူနာပို့ပြီး ဆီဖြည့်ဖို့ ပြန်လာတုံး ဆေးဘက်သုံးရဟတ်ယာဉ် ပျက်ကျတာ လို့ ရိုမေးနီးယား အရာရှိတွေက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ် ပါသူတွေက ရဟတ်ယာဉ်မှူး ပူးတွဲရဟတ်ယာဉ်မှူး ဆရာဝန်တယောက်နဲ့ သူနာပြုတယောက်ပါ။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆရာဝန်ကို ကယ်နိုင်ခဲ့ပြီး အသည်းအသန်အခြေအနေနဲ့ ဆေးရုံကို တင်ပို့ထားရပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up