A d v e r t i s e m e n t With Us

အင်ဒိုနီးရှား မြေပြိုမှု ၅၀ ဦး သေဆုံး၊ ၁၀၀ ကျော် ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအလယ်ပိုင်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ သေဆုံးသူအနည်းဆုံး ၅၁ ဦးရှိသွားပြီလို့ သိရပါတယ်။ ဆက်လက်ပျောက်ဆုံးနေ သူ ၅၀ ကျော် ရှိနေပြီး ကယ်ဆယ်ရေး ၁၀၀ ကျော်က ဆက်လက် ကြိုးစားရှာဖွေနေကြပါတယ်။ Indonesiaဒီဇင်ဘာလ ၁၅ ရက်နေ့က မိုးပြန်ရွာခဲ့လို့ နောက်ထပ်မြေပြိုမှုတွေ ဖြစ်မှာကို စိုးရိမ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ခဏရပ်ဆိုင်းခဲ့ရပါသေးတယ်။ အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်လုပ်နေပြီ ဖြစ်ပေမယ့် အသက်ရှင်လျက်ပြန်တွေ့ဖို့ အခွင့်အရေးကတော့ နည်းသွားပြီလို့ ရှာဖွေ ကယ်ဆယ်ရေးခေါင်းဆောင်က ပြောဆိုပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၁၁ ဦးရှိခဲ့ပြီး ဒေသခံ ရာနဲ့ချီပြီးတော့ ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့က သမ္မတ ဂျိုကိုဗီ မြေပြိုမှုကို လာရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။ အခုလိုကာလဟာ အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေ၊ အခုလိုမြေပြိုမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့လည်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ တ၀က်ဖြစ်တဲ့ လူဦးရေ ၁၂၅ သန်းလောက်ဟာ တောတောင်ထူထပ်တဲ့ ကျွန်းပေါင်း ၁၇၀၀၀ ကျော်မှာ နေထိုင်နေကြတာကြောင့် အခုလို မြေပြိုမှုအန္တရာယ်တွေရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up