မန်ယူ ပရီးမီးယားလိဂ်ဆုဖလားကို ယခုနှစ်ရာသီတွင် ရမည်ဟု ဖေးလ် နဗလီး ပြောဆို

Manchester United v Blackburn Roversမန်ချက်စတာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ဒီနှစ်ရာသီမှာ ရနိုင်တယ်လို့ ကစားသမားဟောင်း ဖေးလ် နဗလီးက ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ ဒီရာသီမှာ ၆ ပွဲဆက်တိုက် အနိုင်ရထားပြီး နောက်ဆုံး ကစားတဲ့ တနင်္ဂနွေနေ့က ပွဲစဉ်မှာ လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ ကစားသမားတွေကလည်း ဆုဖလား ရနိုင်တယ်လို့ ယုံကြည်နေသလို နည်းပြ ဗန်ဂါးကလည်း လုပ်နိုင်စွမ်းရှိတယ်လို့ ဖေးလ် နဗလီးက အင်တာဗျုးတခုမှာ ပြောဆိုသွားပါတယ်။ မန်ယူ နောက်ခံ ကစားသမားဟောင်း ဖေးလ် နဗလီးဟာ မန်ယူမှာတုန်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို အသင်းနဲ့အတူ ၆ ကြိမ် ရဖူးထားပါတယ်။ လက်ရှိ မန်ယူအသင်းရဲ့ အသင်းလိုက် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲမှာ ပြသနိုင်တဲ့အတွက် ဒီနှစ်မှာ ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း မန်ယူကစားသမားဟောင်းက ပြောဆိုသွားပါတယ်။ [yop_poll id="6"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up