A d v e r t i s e m e n t With Us

Miss World ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအလှမယ် ရန်ကုန် ပြန်လည်ရောက်ရှိ

လန်ဒန်မြို့မှာ ကျင်းပသွားတဲ့ Miss World ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပထမဦးဆုံး သွားရောက်ယှဉ်ပြိုင်တဲ့ အလှမယ် ဝိုင်းလေးဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။ Miss World မှာ ဆုမရရှိခဲ့ပေမယ့် ၀ိုင်းလေးဟာ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Beauty with the purpose ဆိုတဲ့အတိုင်း MISS WORLD ORGANIZATION က တာဝန်ပေးအပ်လိုက်တဲ့ Project ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးတွေ အတွက် ပရဟိတအလုပ်တွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ တကိုယ်တော် သီချင်းခွေဖြန့်ချိ သွားဖို့ရှိတယ်လို့ သိရပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ Miss World 2014 ပြိုင်ပွဲမှာ တောင်အာဖရိနိုင်ငံကိုယ်စားပြုအလှမယ် အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသူ Rolene Strauss က ပြိုင်ပွဲဝင် ၁၂၀ ထဲက သရဖူကို ဆွတ်ခူးသွားတာဖြစ်ပါတယ်။ ဒုတိယ ဆုကို ဟန်ဂေရီ အလှမယ်က ရရှိပြီး၊ တတိယဆုကိုတော့ အမေရိကန် အလှမယ်က ရရှိခဲ့ကြပါတယ်။ အလှမယ် ပြိုင်ပွဲကို ကမ္ဘာ့တ၀ှမ်းက ရုပ်မြင်သံကြား လိုင်းတွေမှာစောင့်ကြည်သူ ပရိသတ် သန်း ၂ ထောင်ရှိတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော် [gallery ids="73914,73915,73916,73917,73918"]

A d v e r t i s e m e n t With Us

More News
Up