A d v e r t i s e m e n t With Us

မက္ကဆီကိုကလပ်ကို အန္တရာယ်ရှိတဲ့ အသင်းဟု ရီရဲလ်မက်ဒရစ် နည်းပြပြော

Real Madrid's coach Ancelotti gestures during their Champions League soccer match against Schalke 04 in Gelsenkirchenကမ္ဘာ့ကလပ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ဆုံရမယ့် မက္ကဆီကိုကလပ် ခရူ အက်ဇူရယ်ဟာ အန္တရာယ်ရှိတဲ့ အသင်းဖြစ်တယ်လို့ ရီရဲလ်မက်ဒရစ် နည်းပြ အန်စလော့တီက ပြောဆိုလိုက်ပါတယ်။ ရီရဲလ်အသင်းဟာ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲဝင်ဖို့ မော်ရိုကိုနိုင်ငံကို ရောက်ရှိ လေ့ကျင့်ပြင်ဆင်နေပြီး ဒီကနေ့မှာ ခရူ အက်ဇူရယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မော်ရိုကိုမှာ ရှိတဲ့ ရီရဲလ် ပရိတ်သတ်တွေရဲ့ အားပေးမှုရဖို့ကိုလည်း ရီရဲလ်အသင်းက မျှော်လင့်ထားပါတယ်။ မက္ကဆီကိုကလပ်ဟာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်ပြီး အစွမ်းအစရှိတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားလို့ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ယှဉ်ပြိုင်ဖို့ လိုတယ်လို့ ရီရဲလ်နည်းပြက ပြောဆိုသွားပါတယ်။ ဒီနှစ်သင်းဟာ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အနေနဲ့ တွေ့ဆုံကြတာပါ။ ရီရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ရာသီမှာ ပွဲပေါင်း ၂၀ ဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို ပူပူနွေးနွေး တင်ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up