A d v e r t i s e m e n t With Us

တောင်သူလယ်သမားများ ငွေထုတ်ချေးနိုင်မည့်ဘဏ် ပုသိမ်တွင် ဖွင့်လှစ်မည်

တောင်သူလယ်သမားတွေကို နှစ်ရှည်နှစ်တို ငွေထုတ်ချေးနိုင်မယ့် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်တစ်ခု ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ၃ လအတွင်းတည်ထောင်မယ်လို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောဆိုလိုက်ပါတယ်။ Farmers plant rice seedlings in a paddy field on the outskirts of Yangonပုသိမ်မြို့ ကန်သာယာကွင်းမှာ ပြည်ခိုင်ဖြိုးပါတီကကျင်းပခဲ့တဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲမှာ ပါတီဝင်လယ်သမားတွေကို ပြောဆိုလိုက်တာပါ။ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ဖွင့်လှစ်မှာဖြစ်ပြီး ဒီဘဏ်ဟာ လယ်သမားကို ၀န်ဆောင်မှုပေးမယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးဘဏ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့အတွက် တိုင်းအတွင်း စက်မှုဇုံအများအပြားကို လည်း တည်ဆောက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အခမ်းအနားကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပါတီထိပ်တန်း ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ပါတီဝင်တွေ၊ လယ်သမားတွေနဲ့ စုစုပေါင်း လူ ၅ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up