
ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေအတွက် မဲခွဲမှုတွေ ပြုလုပ်ရာမှာ မနှစ်ရာသီက မဲခွဲမှုအတိုင်း အသင်း ၃ သင်းဟာ ထပ်မံ ဆုံတွေ့ရမှာပါ။
ဘာစီလိုနာက မန်စီးတီး၊ ရီရဲလ်မက်ဒရစ်က ရှောကဲ၊ ချဲလ်ဆီးက ပီအက်စ်ဂျီနဲ့ ရှုံးထွက်အဆင့်မှာ ဒုတိယအကြိမ်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီ ရှုံးထွက်အဆင့် နှစ်ပွဲပေါင်း ရလဒ်တွေမှာ ရီရဲလ်က ရှောကဲကို ရလဒ် ၉ ဂိုး ၂ ဂိုး၊ဘာစီလိုနာက မန်စီးတီးကို ၄ ဂိုး ၁ဂိုး၊ချဲလ်ဆီးက ပီအက်စ်ဂျီကို အဝေးကွင်းဂိုး အားသာချက်နဲ့ ကွာတားကို တက်ရောက်ခဲ့တာပါ။
ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ချဲလ်ဆီးနဲ့မန်စီးတီးအတွက်တော့ ပွဲကြပ်ပြီး အာစင်နယ်က မိုနာကိုနဲ့တွေ့လို့ ပွဲချောင်ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်တွေကို ဖေဖေါ်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ စတင်မှာပါ။
ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၁၀ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ယှဉ်ပြိုင်သွားဖို့ သတ်မှတ်ထားပါတယ်။