A d v e r t i s e m e n t With Us

ဓားစာခံများ ပြန်ပေးဆွဲထားသည့်ကော်ဖီဆိုင် သြစတြေးလျရဲ ၀င်ရောက်စီးနင်း၊ ၃ ဦး သေဆုံး

ဓာတ်ပုံ - အေပီ
ဓားစာခံတွေကို ၁၆ နာရီကြာ ပြန်ပေးဆွဲထားတဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ကော်ဖီဆိုင်ထဲကို လက်နက်ကိုင်ဆောင်ထားတဲ့ သြစတြေးလျရဲတွေက ညတွင်းချင်း စီးနင်းခဲ့ပါတယ်။ [caption id="attachment_73901" align="alignright" width="363"]ဓာတ်ပုံ - အေပီ ဓာတ်ပုံ - အေပီ[/caption] သေနတ်တေ့ ဓားစာခံဖမ်းခံ ထားရတဲ့ လူ ၁၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီစီးနင်းမှုအတွင်း သေနတ်သမားနဲ့ ဓားစာခံ ၂ ယောက်အပါအဝင် လူ ၃ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရပါတယ်။ ဒေသစံတော်ချိန် တနင်္လာမနက် ၂ နာရီလောက်မှာ သေနတ်သံတွေ ပေါက်ကွဲသံတွေ ထွက်ပေါ်လာအပြီး ရဲတွေက သူတို့ တုံ့ပြန်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက် ၃၄ နှစ်နဲ့ ၅၀ အရွယ် ယောက်ျား၂ယောက်နဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး တို့ သေဆုံးတယ်လို့ နယူးဆောက်သ်ဝေးလ် ပြည်နယ်ရဲတွေက ပြောပါတယ်။ သေနတ်သမားဟာ သူ့ကိုယ်သူ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လို့ ကြေညာထားတဲ့ အီရန်ကနေ သြစတြေးလျကို ဒုက္ခသည်အဖြစ် ခိုလှုံလာသူ မန်ဟာရွန် မိုနစ် ဖြစ်တယ်ဆိုတာ ရဲသတင်းရင်းမြစ်တွေက သိအပြီးမကြာခင် စီးနင်းမှု စခဲ့တာပါ။ သေနတ်သမားဟာ လိင်ပိုင်းစော်ကားမှုနဲ့ ဇနီးဟောင်းကို သတ်မှုစတဲ့ စွဲချက်အတော်များများကို ရင်ဆိုင်နေရသူပါ။ ၂၀၁၂ တုန်းကလည်း အာဖဂန်နစ္စတန်မှာ သေဆုံးခဲ့တဲ့ သြစတြေးလျစစ်သား ၈ ယောက်ရဲ့ မိသားစုတွေဆီ ခြိမ်းခြောက် ပစ်တင်စာတွေ ပို့ခဲ့လို့ ပြစ်မှုထင်ရှားကြောင်း စီရင်ခံခဲ့ရဖူးတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up