A d v e r t i s e m e n t With Us

အမျိုးသမီးအမတ် ပိုများလာစေရန် ​ရွေး​ကောက်ပွဲ​ကော်မရှင်​တိုက်တွန်း

ဦးတင်အေး
နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်​လောင်းအမည်စာရင်းတင်သွင်းရာမှာ အမျိုးသမီးဦး​ရေ ပိုမိုတင်သွင်းကြဖို့ ပြည်ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်​ဥက္ကဋ္ဌ ဦးတင်​အေး က​ တိုက်တွန်းပြောကြားလိုက်ပါတယ်။ [caption id="attachment_44734" align="alignright" width="310"]ဦးတင်အေး ဦးတင်အေး[/caption] ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ ကော်မရှင်နဲ့ နိုင်ငံ​ရေးပါတီ​တွေအကြား​ရွေး​ကောက်ပွဲဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​မှု အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က  “လွတ်လပ်ရေးရပြီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကတည်းက မြန်မာအမျိုးသမီးတွေဟာ မူလအခွင့်အရေးဖြစ်တဲ့ ဆန္ဒမဲပေးခွင့်နဲ့ ယှဉ်ပြိုင်အရွေးခံခွင့်တွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း ကိန်းဂဏန်း အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးများပါဝင်မှုရာနှုန်းဟာ အင်မတန်နည်းပါနေတာကို တွေ့ရပါတယ်။ ဒီကဏ္ဍတွေမှာ အမျိုးသမီးများပါဝင်မှု တိုးမြှင့်လာဖို့ဆိုရင် နို်င်ငံရေးပါတီများအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းရာမှာ အမျိုးသမီးဦးရေကို ယခုထက်ပိုမို ရွေးချယ်တင်သွင်းသွားဖို့ လိုမှာဖြစ်ပါတယ်။ ဒါမှသာ ရွေးကောက်ခံရတဲ့ အပိုင်းမှာလည်း အမျိုးသမီးပါဝင်မှုဦးရေ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်နိုင်ငံရေးပါတီများ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးများ ကိုလည်း ထည့်သွင်းရွေးချယ်ခံခွင့်ပြုစေလိုကြောင်း ပြောကြားလိုပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင်  ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူဝါဒတခုဖြစ်တဲ့ အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးဆိုတဲ့ နေရာမှာ ကျား၊ မ အားလုံးတန်းတူညီမျှခွဲခြားမှု မရှိပဲ ပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့ အရေးကြီးတယ်လို့ လည်း ဦးတင်အေးက ပြောပါတယ်။ လက်ရှိလွှတ်တော်မှာ အမျိုးသမီးပါဝင်မှုဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၆ ဦးမှာ အမျိုးသမီးကိုယ်စားလှယ် ၂၅ ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၀ ဦးမှာ အမျိုးသမီးကိုယ်စားလှယ် ၄ ယောက်၊ လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ် ၆၄၆ ဦးအနက် အမျိုးသမီးကိုယ်စားလှယ် ၂၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၃၆ ရာခိုင်နှုန်းပဲရှိနေ တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up