A d v e r t i s e m e n t With Us

ဟားမက် လက်နက်ကိုင်အဖွဲ့ အစ္စရေးကို ဖျက်စီးရန် သန္နိဋ္ဌာန် ပြု

ဟားမက် လက်နက်ကိုင် အဖွဲ့ဝင် ၂ ထောင် ၀န်းကျင်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဂါဇာမြို့မှာ ချီတက်စစ်ရေးပြရင်း အစ္စရေးကို ဖျက်စီးဖို့ သန္နိဋ္ဌာန် ပြုလိုက်ကြပါတယ်။ အစ္စလာမ်ဝါဒီ ဟားမက်အဖွဲ့ ထူထောင်ခြင်း ၂၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချီတက်တာပါ။ Palestinian members of al-Qassam Brigades, the armed wing of the Hamas movement, pray before a military parade in Gaza Cityဒါဟာ သြဂုတ်လတုန်းက ရက် ၅၀ စစ်ပွဲနောက်ပိုင်း ဟားမက် အဖွဲ့ရဲ့ အကြီးဆုံး အင်အားပြပွဲလည်း ဖြစ်ပါတယ် ရက်ငါးဆယ် စစ်ပွဲအတွင်းမှာ ပါလက်စတိုင်း ၂၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ အစ္စရေးဘက်က ၆၇ ယောက် သေဆုံးခဲ့တဲ့အထဲမှာ အများစု စစ်သားတွေ ပါ၊၊ စစ်ရေးပြပွဲမှာ ဟားမက် အဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင် ခါလေး အယ် ဟေယာက အစ္စရေးကို ချေမှုန်းမယ်လို့ သန္နိဋ္ဌာန် ပြုလိုက်ပါတယ်။ ဂါဇာဒေသ လွတ်မြောက်မယ့် အချိန်ဟာလည်း အဝေးတော့ဘူးလို့ မျက်နှာဖုံးဝတ်ထားတဲ့ ပြောရေးဆိုခွင့် ရှိသူကလည်း ဆိုပါတယ်။ ဂါဇာ စစ်ပွဲမှာ ပျက်စီးသွားတဲ့ အခြေခံ အဆောက်အဦတွေကို ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းတွေ နှောင့်နှေးနေတာကို ပါလက်စတိုင်း တွေက မကျေမနပ် ဖြစ်နေကြတာပါ။ ဂါဇာဒေသထဲကို ဆောက်လုပ်ရေးပစ္စည်းတွေ အကန့်အသတ်နဲ့ပဲ ရရှိနေတာကိုလည်း အားမလို အားမရ ဖြစ်နေပါတယ်။ အောက်တိုဘာလတုန်းက စစ်ပွဲအလွန် ဂါဇာ ဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ ဘီလီယံကို အကူအညီပေးဖို့ နိုင်ငံတကာ အလှူရှင်တွေက ကတိပြုထားပါတယ်။ တချိန်တည်းမှာ အစ္စရေးနဲ့ အီဂျစ်တို့က ဟားမက်အဖွဲ့က ဆောက်လုပ်ရေး ပစ္စည်းတွေကို လက်နက်အတွက် အသုံးချမှာကိုလည်း စိုးရိမ်နေပါတယ်။ ဒီရက်သတ္တပတ်တွေ အတွင်းမှာ ဟားမက်အဖွဲ့ဟာ မြေထဲ ပင်လယ်ထဲကို ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ ဂါဇာဒေသခံတွေကလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ပြောပါတယ်။ ဒါကို ဟားမက်အဖွဲ့က မငြင်းသလို၊ ၀န်လည်း မခံပါဘူး။ စစ်ရေးပြပွဲမှာ တာဝေးပစ် ဒုံးကျည်တွေနဲ့ တခြား ဒုံးလက်နက်တွေကို တင်ထားတဲ့ ကားတွေလည်း ပါဝင်ပါတယ်။ ရက် ၅၀ စစ်ပွဲအတွင်းက ဟားမက်အဖွဲ့က ပစ်လိုက်တဲ့ ဒုံးကျည်တွေဟာ အစ္စရေးမြို့ကြီးတွေမှာ အထိတ်အလန့် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒုံးကျည် အများစုကတော့ အစ္စရေးရဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်က တားဆီးနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up