A d v e r t i s e m e n t With Us

အမေရိကန်တွင် ပထမဆုံး အရပ်ဖက်ဒရုန်းလေယာဉ်ငယ် အရောင်းပြပွဲကျင်းပ

အမေရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့မှာ ပထမဆုံး အရပ်ဖက်ဒရုန်းလေယာဉ်ငယ်တွေ အရောင်းပြပွဲ ဒီဇင်ဘာလ် ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ droneဒရုန်းလေယာဉ်တွေကို စစ်ဖက်ထောက်လှမ်းရေးတွေနဲ့ တိုက်ခိုက်ရေးတွေအတွက် သုံးစွဲလာခဲ့တာ ကြာပြီဖြစ်ပေမယ့် အခုအရောင်းပြပွဲကတော့ ဒရုန်းလေယာဉ်ကုမ္ပဏီတွေနဲ့ ၀ါသနာရှင်တွေ ဒီဒရုန်းလေယာဉ်ငယ်တွေ အကျိုးရှိရှိ အသုံးချရေး အမြင်၊ စိတ်ကူးတွေ ဖလှယ်ဖို့ ရည်ရွယ်ကျင်းပတာလို့ ပြောပါတယ်။ ဒီဒရုန်းလေယာဉ်ငယ်တွေကို နောက်ပိုင်း ဝေးလံခေါင်ဖျား လူသူအရောက်အပေါက်နည်းတဲ့ ဒေသတွေကို ဆေးပစ္စည်းတွေ အရေးပေါ် ပေးပို့ရေးလုပ်ငန်းတွေမှာလို အသုံးဝင်လာနိုင်ပါတယ်။ တဖက်မှာလည်း ဒီဒရုန်းလေယာဉ်ငယ်တွေက နေရာတိုင်းလိုလိုကို သွားနိုင်နေတဲ့အတွက် လူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို ထိခိုက်လာနိုင်တယ်။ စီးပွားရေးပြိုင်ဖက်တွေက လျှို့ဝှက် ထောက်လှမ်းတာတွေပါ လုပ်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ လီဇာ အယ်မန်း က ပြောဆိုပါတယ်။ ဒီဒရုန်းလေယာဉ်ငယ်တွေ နည်းပညာတွေက မြင့်လာပြီး စွမ်းဆောင်ရည်တွေ မြင့်လာတဲ့နောက်ကို သူတို့အတွက် ဥပဒေ နဲ့ အစိုးရမူဝါဒတွေက မလိုက်နိုင်ဘူးဖြစ်နေတယ် လို့လည်း ပြောဆိုပါတယ်။ အရောင်းပြပွဲကို ဒရုန်းလေယာဉ်ငယ် ရာချီ ခင်းကျင်းပြသခဲ့ပါတယ်။ နောက်ပိုင်း လေယာဉ်ငယ် တွေဟာ နောက်ပိုင်း လူက ခိုင်းတဲ့အလုပ်တွေကို ပိုပြီးတိတိကျကျ လုပ်ဆောင်လာနိုင်မှာ ဖြစ်သလို့ အရွယ်ကလည်း တဖြည်းဖြည်း ပိုသေးငယ်လာဖို့ရှိတယ်လို့ ကယ်လီဖိုးနီးယား ဘကလေတက္ကသိုလ်က စက်ရုပ်အသိဉာဏ်ဘာသာရပ် ပါမောက္ခ Raja Sengupta က ပြောဆိုပါတယ်။ စီးပွားဖြစ် ဒရုန်းလေယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကြီးဟာ ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ ၈၂ ဘီလီယံ ရှိလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up