Live
Home
မြန်မာသတင်း
ကချင်ပြည်နယ် ဖားကန့်တွင် စစ်ရေးတင်းမာ၊ ရွာသားများ သွားလာခွင့် ပိတ်ပင်ထား
DVB
·
December 15, 2014
[caption id="attachment_68139" align="alignright" width="398"]ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်[/caption] ကချင်ပြည်နယ် ဖားကန့်ဒေသ နမ့်မဖစ်ကျေးရွာအုပ်စုထဲမှာ အစိုးရတပ်နဲ့ ကေအိုင် ကချင်လွတ်လပ်ရေးတပ်မတော်ကြား စစ်ရေးတင်းမာမှုအကျိုးဆက်အဖြစ် ရွာသားတွေ သွား လာခွင့် ပိတ်ပင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နားမဖစ်ကျေးရွာအုပ်စုက နားမဖစ် နဲ့ ဂျာဂါယန် ရွာက ရွာသားတွေဟာ သူတို့ရွာနဲ့ ၈ မိုင်ေ လာက်ဝေးတဲ့ ဖားကန့်မြို့ပေါ်တက်ပြီး ဈေးရောင်းဈေးဝယ် ပြုလုပ်နေရာမှာ ဒီဇင်ဘာ ၁၄ ရက်မ နက်ကတည်းက သွားလာခွင့်ပိတ်ပင်ခံရတဲ့အကြောင်း ဒေသခံတွေက လာရောက်တိုင်တန်း ထားတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက ဂျာဂါယန်ဆိုတဲ့ရွာဘက်မှာ စစ်တပ်နဲ့ ကေအိုင်အေ အခြေအနေတင်းမာလို့တဲ့ သူတို့ကို သွားလာခွင့်ပိတ်ထားတယ်လို့ ရွာသားတွေ လာတိုင်ထားတယ်ခင်ဗျ။ ဒီနေ့လည်း မဖွင့်သေးဘူး။ သူတို့ ခြံထွက်ပစ္စည်းတွေက ဖားကန့်ကို တက်ရောင်းရတာလေ။ အဲဒါ သွားခွင့် မရရင် ခူးထားတဲ့သီးနှံတွေ ပျက်စီးမယ်။ ခြံထဲက သီးနှံတွေလည်း ရင့်ကုန်မယ်လို့ ပြောပါတယ်။ ကျနော်တို့လည်း နောက်ထပ်နည်းနည်းစောင့်ကြည့်ပြီး ဖွင့်မပေးရင် သက်ဆိုင်ရာနဲ့ သွားတောင်း ဆိုပေးပါမယ်ခင်ဗျ။ အဲဒီလိုမသွားခင် အစိုးရနဲ့နီးစပ်တဲ့ လူကနေတဆင့် အရင်ပြော ကြည့် ခိုင်း ထားပါတယ်။” ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၃ ရက်က ဖားကန့်မြို့ပေါ်တက်သွားတဲ့ ရွာသားတချို့လည်း ရွာကိုပြန်လာ လို့ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။ ဖားကန့်အနောက်ဘက်က ကံဆီးရွာနဲ့ လုံခင်းမြို့နယ် အောင်ဘာလေရွာကြားမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်ကတည်းက သွားလာခွင့် ပိတ်ပင်ထားတာ ခုထိပြန်မဖွင့်သေးသလို ပြင်ပလူတွေလည်း သွားလို့မရသေးဘူးလို့ ဆိုပါတယ်။ အဲဒီရွာ ၂ ရွာကြားမှာ ဥရုချောင်းရှိပြီး အစိုးရတပ်နဲ့ ကေအိုင်အေတို့က ချောင်းရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ နေရာယူထားကြောင်း၊ သွားလာရင်း အပစ်ခံရရင် တာဝန်မယူဘူးလို့ ပြောထား တဲ့အတွက် ဒေသခံတွေ ဘယ်သူမှ မသွားလာရဲဘူးလို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။ ခုလိုစစ်ရေးတင်းမာနေတဲ့အပေါ် နှစ်ဘက်သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ်ေ မးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး ။ ကေအိုင်အို နဲ့ အစိုးရကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစန့်အောင်ကတော့ အခုလို သုံးသပ်ပြောဆိုသွားပါတယ်။ “အဲဒီဖားကန့်ဒေသမှာကတော့ နဂိုကတည်းက စစ်ရေးတင်းမာသလိုဖြစ်နေတာတော့ ကြာပါပြီ ခင်ဗျ။ ရွာသားတွေကို သွားလာခွင့် ပိတ်ပင်လိုက်၊ ခွင့်ပြုလိုက်လုပ်နေတာလည်း ခနခနပါဘဲ။ ကြားထဲမှာ ရွာသားတွေဒုက္ခရောက်အောင်တော့ မလုပ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ အဲလိုပိတ်ပင်ရင် လူတွေက နဂိုကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မယုံကြည်ချင်သလို ဖြစ်နေရတဲ့ ကြားထဲမှာ အဲသလိုပိတ်ပင်တော့ သို့လောသို့လောနဲ့ မလိုလားအပ်တဲ့ပြဿ နာတွေ ဖြစ်မှာလည်း စိုးရိမ်ရတယ်ခင်ဗျ။” ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ အောက်တိုဘာ လဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂ ဘက်တိုက်ပွဲအရှိန်တွေ လျော့ချရေး သဘောတူခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024