ရှင်အိုအာဘေး ၀န်ကြီးချုပ်တာဝန် ၂၀၁၈ အထိ ဆက်လက်ထမ်းဆောင်မည်

1.2K
ဂျပန်မှာ မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်တဲ့ ညွန့်ပေါင်းက အကြီးအကျယ် အောင်ပွဲခံသွားပါတယ်။ ဒါဟာ ရှင်ဇို အာဘေးရဲ့ စီးပွားရေး ပေါ်လစီကို ပြည်သူတွေက ထောက်ခံမှု ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် မဲပေးသူ ဦးရေက စံချိန်တင် နည်းပါးတဲ့အတွက် သူ့အစိုးရရဲ့ ဆောင်ရွက်ချက်အပေါ် ပြည်သူတွေက ကျေနပ်မှု မရှိဘူးဆိုတာကိုလည်း ပြသနေပါတယ်။
အောက်လွှတ်တော် ၄၇၅ နေရာအတွက် ရွေးကောက်ပွဲ ကျင်းပရာမှာ အာဘေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ပါတီဖြစ်တဲ့ ကီမွိုင်တို ပါတီက သုံးပုံနှစ်ပုံကျော်မှာ အနိုင်ရပါတယ်။
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက လွှတ်တော် အမတ်နေရာ ၂၉၀ မှာ အနိုင်ရပြီး ကီမွိုင်တို ပါတီက ၃၅ နေရာမှာ အနိုင်ရတဲ့အတွက် စုစုပေါင်း ၃၂၅ နေရာမှာအ နိုင်ရတာပါ၊ ဒီအေ၇အတွက်ဟာ နဂိုက ရရှိခဲ့တဲ့ ၂၉၄ နေရာကို အများကြီး ကျော်သွားပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ၀န်ကြီးချုပ်အာဘေးအတွက် ၂၀၁၈ ခုနှစ်အထိ ၀န်ကြီးချုပ် တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ အဓိက အတိုက်အခံ ဒီမိုကရက်တစ် ပါတီ (ဒီပီဂျေ) က ၇၃ နေရာမှာပဲ အနိုင်ရပါတယ်။