A d v e r t i s e m e n t With Us

ဟောင်ကောင်ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသမားများ သပိတ်လှန်

ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ သပိတ်လှန်လိုက်ပါတယ်။ Protestors Continue To Resist As Police Attempt To Clear Protest Sitesဆန္ဒပြသမားတွေဟာ ဟောင်ကောင်မှာ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစိအခွင့်အရေး ရရှိရေး၊ အရွယ်ရောက်သူတိုင်း မဲပေးခွင့်အတွက်  မြို့လယ်ခေါင် စီးပွားရေးနယ်မြေကို ပိတ်ဆို့ ဆန္ဒပြနေတာ နှစ်လကျော်ပါပြီ။ လူအင်အားအများဆုံး အချိန်မှာ လူအင်အား သောင်းချီ ပူးပေါင်းပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရာဂဏန်းကို တဖြည်းဖြည်း လျှော့ကျခဲ့ပါတယ်။ အခု နောက်ဆုံးကျန်နေတဲ့ ကော့ဘေး သပိတ်စခန်းကို ရှင်းလင်းမယ်လို့ ရဲအဖွဲ့က ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြိုတင် သတိပေးခဲ့တာပါ။ ဆန္ဒပြပွဲဟာ ၂၀၁၇ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကျရင် မဲဆန္ဒရှင်တွေက လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်အတွက် တောင်းဆိုနေတာဖြစ်ပြီး တရုတ်ပြည်မကြီး အစိုးရကတော့ သူတို့ ရွေးချယ်စိစစ်ပြိး ချပေးတဲ့ ကိုယ်စားလှယ်လောင်းတွေထဲကတယာက်ကိုပဲ ရွေးချယ်ခွင့်ပေးမယ်လို့ တင်းခံထားပါတယ်။ ဟောင်ကောင်ဟာ ဗြိတိသျှ ကိုလိုနီဘ၀ကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်လက်အောက်ကို ပြန်လွှဲပေးခဲ့ပြီး တနိုင်ငံ စနစ် ၂ မျိုး မူဝါဒအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြည်မကြီးထက် ပိုတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ပေးထားတဲ့အပြင် အချိန်တန်ရင် ဒီမိုကရေစီ အပြည့်အ၀ပေးဖို့အထိ သဘောတူထားတာ ရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up