ရုရှားအစိုးရ၏ ကျန်းမာရေးနှင့် ပညာရေး ပြုပြင်ပြောင်းလဲရေး ကန့်ကွက်ဆန္ဒပြ

964
ရုရှားအစိုးရရဲ့ ကျန်းမာရေးနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ မော်စကိုမြို့မှာ လူရာပေါင်းများစွာဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆန္ဒပြကြပါတယ်။ အစိုးရရဲ့ အစီအစဉ်ဟာ ဆေးရုံတွေ၊ ကျောင်းတွေ အတော်များများကို ပိတ်ပစ်ရဖွယ် ရှိပြီး၊ အလုပ်သမားတွေ အလုပ်ပြုတ်နိုင်တယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။
ဆန္ဒပြသမားတယောက်ဖြစ်က ဒီနေ့ ရုရှားမှာကလေးသေးပျောက်နှုန်းဟာ ဆိုဗီယက် ခေတ်ကထက် အခြေအနေ ဆိုးနေတယ်လို့ ထောက်ပြပါတယ်။
အစိုးရက ဆေးရုံ ၁၅ ရုံအပါအ၀င်၊ ဆေးဌာနပေါင်း ၂၈ ခုကို ပိတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် မော်စကိုမှာ ဆန္ဒပြပွဲတွေဟာ အောက်တိုဘာ လလယ်ကတည်းက ပေါ်ပေါက်နေတာဖြစ်ပါတယ်။
ရုရှား မီဒီယာတွေ အဆိုအရ နောင်နှစ်ဆန်းပိုင်းမှာ စတင်မယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အောက်မှာ ဆရာဝန် ၇ ထောင် အလုပ်ပြုတ်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသမားတွေက ဆရာဝန်တွေအတွက် လုပ်ခလစာ တိုးပေးဖို့နဲ့ လုပ်ငန်းခွင့် အခြေအနေ ပိုကောင်းအောင် ဖန်တီးပေးဖို့ တောင်းဆိုကြပါတယ်။
ရုရှား အစိုးရကတော့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ ကျန်းမာရေးစနစ်ကို ထိရောက်စေဖို့နဲ့ ဆိုဗီယက်ခေတ်ကတည်းက ကျန်းမာရေးစနစ်ကို ပြုပြင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။