A d v e r t i s e m e n t With Us

တရုတ်ကျောက်မီးသွေးတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လုပ်သား ၁၀ ဦး သေဆုံး

chinaminer460တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ဂျိစီမြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ကျောက်မီးသွေးတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပြီး တွင်းထဲပိတ်မိခဲ့တဲ့ တွင်းလုပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူအားလုံးကို တွေရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံမှာ ကျောက်မီးသွေးတွင်း မတော်တဆမှု ၆၈၉ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၁၀၄၉ ဦး ရှိခဲ့ပါတယ်။ ဒါဟာ လုံခြုံရေးအဆင့်မြင်လာလို့ သေဆုံးသူဦးရေ ကျဆင်းလာတာ ဖြစ်ပေမယ့် နိုင်ငံရဲ့တိုးတက်လာတဲ့ စီးပွားရေးနဲ့ စွမ်းအင်လိုအပ်ချက်အတွက် အခုလို ကျောက်မီးသွေးတွင်း မတော်တဆမှုတွေက ပုံမှန်ဖြစ်နေရတာပါ။

A d v e r t i s e m e n t With Us

More News
Up