A d v e r t i s e m e n t With Us

ထိုင်းရဲ ပစ်လိုက်သည့်ကျည်ဆန်ကြောင့် ကမ္ဘာလှည့်ခရီးတဦး ဒဏ်ရာရ

Untitled-1ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ စနေနေ့ညက ရုရှားကမ္ဘာလှည့်ခရီးသွားတဦးဟာ ရဲက ပစ်လိုက်တဲ့ ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် (အယ်လာနာ ဆယ်ရီရယ်စမူဗာ) Elena Sarycmeva အယ်လီနာ စာရစ်မီဗာ ဟာ ကမ်းခြေကို အသွား ဘယ်ဖက် ခြေမျက်စိကို ၉ မမ ကျည်ဆန် ထိမှန်ခဲ့တာပါ။ အိတ်တအိတ်ကို လုပြေးခဲ့တဲ့ ဆယ်ကျော်သက်တွေက ရဲကို အရင် ခုခံပစ်ခဲ့ပြီး ရဲက ပြန်ပစ်တဲ့ကျည် ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။ လုပြေးသူ နှစ်ယောက်ရဲ့ ဆိုင်ကယ်လည်း လဲသွားပြီး တယောက်ကလည်း ဒူးမှာ ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ ရုရှားကမ္ဘာလှည့်ခရီးသည်ကိုတော့ ပတ္တရားဆေးရုံကို ပို့ဆောင်ဆေးကုသပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up