A d v e r t i s e m e n t With Us

ၾသစေၾတးလ်၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်ကို လက်နက်ကိုင်များ ၀င်ရောက်စီးနင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်က ကော်ဖီဆိုင်တဆိုင်ကို လက်နက်ကိုင်တွေ ၀င်စီးထားပြီး ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့လူတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ 111နယ်ခံ ရုပ်မြင်သံကြားသတင်းတွေမှာ အာရဘီ ဘာသာနဲ့ ရေးထားတဲ့ စာပါတဲ့ အဖြူအမဲ အလံကိုလည်း လှမ်းမြင်နေရတာကို ပြသပါတယ်၊ ဒီအလံဟာ အီရတ်နဲ့ ဆီရီးယားမှာ တိုက်ခိုက်နေတဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်အဖွဲ့ရဲ့အလံနဲ့ ဆင်တူတယ်လို့ သတင်းတွေက ဆိုပါတယ်။ လက်နက်ကိုင်တွေ ၀င်စီးထားတဲ့ ကော်ဖီဆိုင်တ၀ိုက်မှာ ဘဏ်တွေ ရှိသလို၊ နယူးဆောက်ဝေး ပြည်နယ် လွှတ်တော်နဲ့လည်း နီးပါတယ်။ အနီးအနားတ၀ိုက်က လမ်းတွေကို ရဲတွေက ပိတ်ဆို့ထားပြီး ဒါဇင်နဲ့ ချီတဲ့ ရဲတွေလည်း လက်နက်အပြည့်အစုံနဲ့ ကော်ဖီ ဆိုင်တ၀ိုက်ကို ၀ိုင်းထားပါတယ်။ ဆိုင်တွင်းက အစ္စလာမ် အလံကို ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့သတင်းကို နယူးဆောက်ဝေး ပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုချက် မပေးသေးပေမယ့် အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ သြစတြေးလျဟာ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးကို ထောက်ခံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အိုက်အက်အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ပြီး ပြည်တော်ပြန်လာတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အန္တရာယ်ကိုလည်း နဂိုကတည်းက တပ်လှန့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up