A d v e r t i s e m e n t With Us

ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲဝင်ရန် ရီရဲလ်အသင်း မော်ရိုကိုနိုင်ငံ ရောက်ရှိ

real madridဥရောပ ချန်ပီယံ ရီရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲဝင်ဖို့အတွက် မော်ရိုကို နိုင်ငံကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရောက်ရှိလာပါတယ်။ ရီရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပွဲပေါင်း ၂၀ ဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို တင်ထားပါတယ်။ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ ရီရဲလ်ဟာ ဆီမီးဖိုင်နယ်အဆင့်ကနေ ကစားရမှာပါ။ လာမယ့် အင်္ဂါနေ့မှာ ပွဲဦးထွက်အနေနဲ့ မက္ကဆီကိုကလပ် ခရူ အက်ဇူရယ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရီရဲလ်မက်ဒရစ်ဟာ လောလောဆယ် စပိန်လာလီဂါမှာ ၃၉ မှတ်နဲ့ ထိပ်ဆုံး မှာ ရပ်တည်နေပြီး ဒုတိယနေရာက ဘာစီလိုနာကို ဒီတပတ်မှာ ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up