ပရီးမီးယားလိဂ် ချန်ပီယံဆုကို စဉ်းစားမှာ မဟုတ်သေးဘူးဟု မန်ယူနည်းပြ ပြော

မန်ယူနည်းပြ လူးဝစ် ဗန်ဂါ
1.1K
[caption id="attachment_73833" align="alignright" width="340"]
မန်ယူနည်းပြ လူးဝစ် ဗန်ဂါ[/caption]
လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စဉ်းစားမှာ မဟုတ်သေးဘူးလို့ မန်ယူနည်းပြ လူးဝစ် ဗန်ဂါက ပြောဆိုလိုက်ပါတယ်။
မန်ယူဟာ လောလောဆယ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးနဲ့ ၈ မှတ်ကွာပြီး ဒုတိယနေရာက မန်စီးတီးနဲ့ ၅ မှတ်အကွာမှာ ရှိနေပါတယ်။ ဒါကြောင့် မန်ယူအနေနဲ့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ပြီလားဆိုတဲ့ အမေးကိုတော့ ဗန်ဂါးက အဲဒီအတွက် စဉ်းစားမထားသေးဘူးလို့ ဖြေဆိုသွားတာပါ။
မန်ယူအသင်းရဲ့ ခြေစွမ်း တပွဲထက် တပွဲ တိုးတက်လာတဲ့အပေါ်မှာလည်း ကျေနပ်ကြောင်း နည်းပြက ပြောဆိုသွားပါတယ်။ မန်ယူအသင်းဟာ လာမယ့် အပတ် ပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။