A d v e r t i s e m e n t With Us

ရပ်ကွက်အဆင့် အခွန်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းမည်

tax pအခွန်တိမ်းရှောင်တာတွေနဲ့ အခွန်လွတ်ကင်းတာတွေ မရှိဖို့အတွက် ရပ်ကွက်အဆင့်ကစပြီး အခွန်စစ်ဆေးရေးလို အဖွဲ့တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းရဲ့ လစဉ်တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း၊ ပြည်တွင်း အခွန်ဦးစီးဌာနက အခွန်နဲ့ ပတ်သက်တာတွေ လာရောက် ရှင်းလင်းရာမှာ တာဝန်ရှိသူတွေက ပြောကြား လိုက်တာပါ။ အဖွဲ့ဖွဲ့စည်းဖို့ သက်ဆိုင်ရာ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ကိုစောင့်နေပြီး မကြာခင်မှာ ဖွဲ့စည်းဖြစ်မှာပါလို့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိဖွဲ့စည်းပုံတွေအရ အခွန်ရုံးတွေရဲ့ ၀န်ထမ်းအင်အားနဲ့ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့လည်း ဦးဇော်မြင့်အောင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up