A d v e r t i s e m e n t With Us

လီဗာပူးကို ဂိုးပြတ်ဖြင့် မန်ယူ အနိုင်ယူ

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ 2014-12-14t135117z_1184854124_lm1eace12bf01_rtrmadp_3_soccer-englandအိမ်ကွင်း ပရိတ်သတ်တွေရှေ့မှာ မန်ယူက ရွန်နီ၊ မာတာနဲ့ ဗန်ပါစီတို့ရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲရှုံးလိုက်လို့ နဂိုကတည်း ရလဒ်တွေ မကောင်းလို့ ဝေဖန်ခံနေရတဲ့ လီဗာပူး နည်းပြ ဘရန်ဒန် ရော်ဂျာစ်အတွက် ဖိအားတွေ ပိုတိုး သွားပါတယ်။ မန်ယူအတွက် ၆ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူး ကစားသမားတွေဖြစ်တဲ့ စတာလင်နဲ့ ဘာလိုတယ်လီတို့ရဲ့ အပိုင် ကန်သွင်း ချက်တွေကို မန်ယူ ဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်လို့ ဂိုးမပေးရတာ ဖြစ်ပါ တယ်။ ဒီပွဲနိုင်လိုက်လို့ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးကို ၃ ဂိုးပြတ်နဲ့ ရှုံးတဲ့အကြွေးကို ပြန်ဆပ် နိုင်လိုက်ပါတယ်။ နိုင်ပွဲဆက်တဲ့ မန်ယူက ၃၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၈ မှတ်အကွာမှာ ဆက်လက် ရပ်တည်နေ ပါတယ်။ လီဗာပူးကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၀ နေရာကို လျောကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up