A d v e r t i s e m e n t With Us

မြန်မာအပါဝင် ၄ နိုင်ငံ ချင်းမိုင်တွင် မူးယစ်တိုက်ဖျက်ရေးရုံးဖွင့်မည်

မဲခေါင်ဒေသ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေး အစီအစဉ်ကို ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ အပါအ၀င် နိုင်ငံ ၃ ခုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိတွေနဲ့ ဌာနသစ်တခုကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ppဇန်န၀ါရီလ လပိုင်းလောက် ချင်းမိုင် မောင်ခရိုင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဒေသ ၅ မှာ ဒီဌာနတွေကို အခြေစိုက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ထိုင်း၊ လာအို၊ မြန်မာနဲ့ တရုတ်က အရာရှိတွေက ဒီဌာနမှာ အခြေချပြီး ထောက်လှမ်းရေး အချက်အလက်တွေကို ဖလှယ်မယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့က ၄ နိုင်ငံ အရာရှိတွေ ထိုင်းနိုင်ငံ ချင်းရိုင်မှာ ၂ ရက်ကြာ တွေ့ဆုံမှုရဲ့ ရလာဒ်တခု ဖြစ်တယ်လို့လည်း ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့အကြီးအကဲက ပြောပါတယ်။ လာရောက်မယ့် အရာရှိတွေက မဲခေါင်ဒေသအတွင်း မူးယစ်ဆေးဝါး မှောင်ခို လမ်းကြောင်းနဲ့ ပတ်သက်တဲ့သတင်းတွေကို ယူဆောင်လာရမှာ ဖြစ်ပြီး တခြားနိုင်ငံက အရာရှိတွေကို ဝေမျှမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ထိုင်းက အာဏာပိုင်တွေကလည်း ထိုင်းကနေ မြန်မာ၊ လာအိုနဲ့ တရုတ်ကို ထွက်ပြေးသွားတဲ့ မူးယစ်ဆေးဝါး သံသယရှိသူကို ရှာဖွေရာမှာ ကူညီဖို့ တောင်းခံထားတယ်လို့ ဆိုပါတယ်။ မဲခေါင်မြစ်ဟာ ဒေသတွင်းမူးယစ်ဆေးဝါးမှောင်ခိုင်ကူးမှုရဲ့ ၃၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up