A d v e r t i s e m e n t With Us

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အန်အယ်လ်ဒီ ဆက်လုပ်ဆောင်မည်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး  တရားဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဆက်လက်လုပ်ဆောင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်မှာ ၂ ရက်ကြာ ကျင်းပတဲ့ အစည်းအဝေးအပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အပြည့်အ၀ ထောက်ခံတဲ့အကြောင်းလည်း ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါအပြင် ၂၀၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ် ပြဌာန်းကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပရန် တရားဝင် ထုတ်ပြန်ကြေညာမှ ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်သွားမယ်လို့လည်း ရေးသားထားပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း [gallery ids="73795,73796"]

A d v e r t i s e m e n t With Us

More News
Up