A d v e r t i s e m e n t With Us

ပုပ်ရဟန်မင်းကြီးနှင့်ဒလိုင်လားမား တွေ့ဆုံရေး ငြင်းပယ်ခံရ

ဒလိုင်လားမားနှင့် ပုပ်ရဟန်းမင်းကြီး
တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ သီးသန့် တွေ့ဆုံဖို့ ကိစ္စကို ဗာတီကန် နန်းတော်က ငြင်းဆန်လိုက်တဲ့အတွက် အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ပေါ်မြို့မှာ နေထိုင်ကြတဲ့ တိဘက်လူမျိုးတွေက စိတ်ပျက်နေကြပါတယ်။ [caption id="attachment_73774" align="aligncenter" width="464"]ဒလိုင်လားမားနှင့် ပုပ်ရဟန်းမင်းကြီး ဒလိုင်လားမားနှင့် ပုပ်ရဟန်းမင်းကြီး[/caption] ဒီလို တွေ့ဆုံဖို့ ကိစ္စဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ  အလွန်သိမ်မွေ့တဲ့ အခြေအနေဖြစ်လို့ ငြင်းဆန်လိုက်ရတာလို့ ဗာတီကန်ရဲ့ ပြောခွင့်ရသူက ဒီဇင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားကလည်း အခြေအနေကို နားလည်တယ်လို့ ဆိုပါတယ်။ ဒလိုင်လားမားဟာ ရောမမြို့မှာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့ တွေ့ဆုံဖို့ ရောက်နေတာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခွင့်ရဖို့ ဗာတီကန်နန်းတော်ကို ချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အီတလီ မီဒီယာတွေကို မိန့်ကြားခဲ့ပါတယ်။ ပြည်ပရောက်တိဘက်အစိုးရအဖွဲ့ အခြေစိုက်ရာ အိန္ဒိယနိုင်ငံ ဒါရမ်စာရာမြို့မှာ  ပြည်ပရောက် တိဘက် လွှတ်တော်အမတ် ဒါဝါ ဆာရင်းက ဒီကိစ္စဟာ တရုတ်အစိုးရဆီက ဖိအားဖြစ်နိုင်ပြီး တရုတ်အစိုးရ ကျေနပ်အောင် ပုပ်ရဟန်းမင်းကြီးက လိုက်လျောခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီကိစ္စကြောင့် ပြည်ပရောက်ဘက် အသိုင်းအ၀ိုင်းက စိတ်ပျက်နေကြတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဗာတီကန်ရဲ့ အမည်မဖော်လိုတဲ့ အရာရှိတဦးကတော့ အကြောက်တရားကြောင့် ငြင်းဆန်တာမဟုတ်ဘဲ ဒုက္ခရောက်နေတဲ့လူတွေ ပိုပြီး ဒုက္ခမရောက်အောင် ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ တရုတ်ပြည်မှာ ကက်သလစ် ဘာသာဝင်ထဲမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။ မျိုးချစ် အဖွဲ့ လို့ နာမည်ခံထားတဲ့ ကက်သလစ် ဂိုဏ်းကွဲတခုက ကွန်မြူနစ်ပါတီကို သစ္စာခံပြီး၊ လျှို့ဝှက် ဂိုဏ်းတခုကတော့ ရောမမြို့က ပုပ်ရဟန်းမင်းကြီးကိုပဲ သစ္စာခံပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဒလိုင်းလားမားတို့ဟာ ၂၀၀၆ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး အဲဒီအချိန်က ပုပ် ဘန်နီဒစ် နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဗာတီကန်ဟာ တရုတ်အစိုးရနဲ့ ၁၉၄၉ တရုတ်ကွန်မြူနစ်ပါတီ အာဏာရတဲ့အချိန်ကစလို့ ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ပြည်မှာ ကက်သလစ် ဘုန်းတော်ကြီးတွေကို ခန့်အပ်တဲ့အခါ  ဘယ်ဘက်က အတည်ပြုမလဲဆိုတဲ့ ပြဿ   နာလည်း ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up