A d v e r t i s e m e n t With Us

မန်ယူ-လီဗာပူး ဒဏ်ရာရ ကစားသမားများ အခြေအနေ

ဒီကနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းကြီး နှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံရမှာပါ။ imagesမန်ယူက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လီဗာပူး အသင်းကို ဧည့်ခံရမှာ ဖြစ်ပါတယ်။ မန်ယူမှာ နောက်ခံလူ ဂျွန်နီ အီဗန် ဒဏ်ရာကနေ ပြန်လာပြီး စမောလင်း နေရာမှာ ကစားပေးသွားဖွယ် ရှိနေပါတယ်။ ၂ လကြာ ဒဏ်ရာကြောင့် နားနေရတဲ့ ဖေး ဂျုန်းနဲ့ ရာဖယ်တို့လည်း ပြန်လည်  ကစားနိုင်မှာ ဖြစ်ပြီး ကွင်းလယ်မှာ အားထားရတဲ့ ဒီမာရီယာ၊ လုခ်ရှောနဲ့ ဘလင်းတို့ကတော့ ကစားနိုင်မှာ မဟုတ်သေးပါဘူး။ လီဗာပူးမှာတော့ ဒဏ်ရာရှိနေတဲ့ တိုက်စစ်မှူး ဘာလိုတယ်လီ လေ့ကျင့်ရေး ပြန်ဆင်းနိုင် နေပြီ ဖြစ်ပါတယ်။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုအရ နောက်ဆုံး ကစားထားတဲ့ ၁၂ ပွဲမှာ မန်ယူက ၁၀ ပွဲ အနိုင်ရထားပါတယ်။ လတ်တလော ရလဒ်တွေအရလည်း မန်ယူက ၅ ပွဲဆက်တိုက် အနိုင်ရထားပြီး လီဗာပူးက နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရသေးတာ ဖြစ်ပါတယ်။ မန်ယူက လက်ရှိပရီးမီယားလိဂ်မှာ ၁၅ ပွဲကစား ရမှတ် ၂၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး လီဗာပူးအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up