A d v e r t i s e m e n t With Us

ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ရေးမြို့ခံများ ဆန္ဒပြ (ဓာတ်ပုံ)

မွန်ပြည်နယ် ရေးမြို့နယ်က အံဒင်ကျေးရွာမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ကန့်ကွတ်တဲ့အနေနဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်က ဒီနေ့  ဆန္ဒပြနေကြပါတယ်။ အံဒင်ကျောက်မီးသွေးသုံးစက်ရုံ အလိုမရှိ၊ ကျောက်မီးသွေးစက်ရုံစီမံကိန်း အမြန်ဖျက်သိမ်းပေးရေး၊ တိုယိုထိုင်းကုမ္ပဏီ အလိုမရှိ၊ ကျောက်မီးသွေးသုံးစက်ရုံ တို့ဒေသအတွက် အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရေးမြို့အနီး အံဒင်ကျေးရွာမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို ရေးမြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အခုလို ဒေသခံတွေကန့်ကွက်နေတဲ့ အံဒင်ကျောက်မီးသွေး သုံးစက်ရုံ စီမံကိန်းအကော်အထည်ဖော်ဖို့ တိုယိုထိုင်းကုမ္ပဏီနဲ့ မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ၂၀၁၃ ခုနှစ်ကတည်းက နားလည်မှု စာချွန်လွှာရေးထိုးထားခဲ့တာ ဖြစ်ပါတယ်။ [gallery ids="73757,73758,73759,73760,73761,73762"]

A d v e r t i s e m e n t With Us

More News
Up