A d v e r t i s e m e n t With Us

စစ်သွေးကြွကို ထောက်ခံသည့် တွစ်တာအကောင့်ပိုင်ရှင်ကို အိန္ဒိယရဲဖမ်းဆီး

အိန္ဒိယ ရဲတပ်ဖွဲ့ဟာ ကုမ္ပဏီတခုက စီမံအုပ်ချုပ်ရေးမှူးတဦးကို အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) အဖွဲ့ကို ထောက်ခံတဲ့ တွစ်တာ အကောင့်ပိုင်ရှင်အဖြစ် သံသယရှိလို့ ဖမ်းဆီးထားပါတယ်။ မာဒီ မက်ရော ဆိုတဲ့ အသက် ၂၄ အရွယ် အမျိုးသားကို ဘန်ဂလောမြို့မှာ ရှိတဲ့ သူ့အိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲအဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မာဒီ မက်ရောဟာ "Shami Witness" လို့ နာမည်ပေးထားတဲ့ တွစ်တာ အကောင့်  ပိုင်ရှင်ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Channel Four က ဖော်ထုတ်လိုက်ပြီးနောက် သူ့ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ရဲတွေရဲ့ အဆိုအရ မာဒီ မက်ရောဟာ ရုံးချိန်နောက်ပိုင်းမှာ အိုင်အက်စ်အဖွဲ့ရဲ့ အီရတ်နဲ့ ဆီရီးယား စစ်ပွဲကို ထောက်ခံတဲ့ Post တွေကို တွစ်တာပေါ် တင်ခဲ့ပြီး အိုင်အက်စ်အဖွဲ့ရဲ့ ရန်သူတွေကိုလည်း လှောင်ပြောင်ခဲ့တယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးအဖွဲ့ ပေါင်းစုံ၊ ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ဘန်ဂလောမြို့ခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခြေရာခံခဲ့တယ်လို့ ရဲမင်းကြီး ရတ်ဒီက သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် မာဒီ မက်ရောဟာ အိန္ဒိယမှာ အိုက်အက်စ်အဖွဲ့အတွက် တပ်သားစုဆောင်းပေးနေသူမဟုတ်သလို၊ နိုင်ငံရပ်ခြား ထွက်ခွာသူလည်း မဟုတ်ဘူးလို့ ရဲမင်းကြီးက ပြောပါတယ်။ မာဒီ မက်ရော သုံးနေတဲ့ "Shami Witness" တွစ်တာ အကောင့်ဟာ အိုင်အက်စ်အဖွဲ့ရဲ့ နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမားတွေ အပါအ၀င် လူထောင်ပေါင်းများစွာက follow လုပ်ထားတဲ့ အကောင့်ဖြစ်ပါတယ်။ တိုင်းပြည်ကို ဆန့်ကျင်တဲ့စစ်ပွဲ အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ဒါပေမ့ယ် သူရဲ့ ဖခင်ကတော့ သူ့သား မာဒီ မက်ရောမှာ အပြစ်မရှိဘဲ လိုရာဆွဲ ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up